မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အလယ်ဗဟိုတွင် မတူကွဲပြားသောယဉ်ကျေးမှုများနှင့် သမိုင်းကြောင်းများကြွယ်ဝသော နိုင်ငံတစ်ခုအဖြစ်တည်ရှိသည်။ မြန်မာပြည်တွင် ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့် ရိုးရာလက်မှုပညာအမျိုးမျိုးတို့တွင် မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းသည် ဆွေစဉ်မျိုးဆက် အမွေဆက်ခံခဲ့သည့် အရေးပါသော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်ထင်ရှားသည်။ ရက်လုပ်ထည်များသည် မြန်မာ့လူမှုရေး၊ ဘာသာရေးနှင့် စီးပွားရေး စသည်တို့တွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာလူမျိုးများ၏ လက်မှုပညာများကိုပြသထားသည်။ မြန်မာ့ရိုးရာအထည်အလိပ်များသည် နိုင်ငံ၏ယဉ်ကျေးမှုကြွယ်ဝမှုနှင့် ရာစုနှစ်များစွာရှိ လက်မှုပညာကိုရောင်ပြန်ဟပ်ကာ စွဲမက်ဖွယ်ကောင်းသော ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ ချည်ထည်တစ်ခုစီသည် ရိုးရာ၊ သမိုင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်ကိုသရုပ်ဖော်ထားပြီး ယင်းအထည်များမှာ မြန်မာ့အမွေအနှစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာစေပါသည်။
“ထမာ” ဟုလည်း လူသိများသော မြန်မာ့ရက်ကန်းသည် နှစ်ထောင်ပေါင်းများစွာရှည်လျားသော သမိုင်းကြောင်းရှိသည်။ ရက်ကန်း၏ဇာစ်မြစ်ကို ရှေးပျူယဉ်ကျေးမှုမှစ၍ ခြေရာခံနိုင်သည်ဟု ရှေးဟောင်းသုတေသနပညာရှင်များက အစောပိုင်းရက်လုပ်ကိရိယာများနှင့် အထည်များ၏အထောက်အထားများကို ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။ အိန္ဒိယ၊ တရုတ်၊ အရှေ့တောင်အာရှကဲ့သို့သော အိမ်နီးချင်းနိုင်ငံများ၏ ယဉ်ကျေးမှုများနှင့် ယဉ်ကျေးမှုချင်း ဖလှယ်မှုများအရ ရာစုနှစ်များစွာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ရိုးရာနည်းပညာများနှင့်ပေါင်းစပ်ကာ ယနေ့ခေတ်တွင် မတူကွဲပြားသော ရက်ကန်းရိုးရာဓလေ့များကိုမွေးဖွားပေးခဲ့ပါသည်။ ရက်ကန်းအနုပညာသည် အများအားဖြင့် မိခင်မှသမီးသို့ လက်ဆင့်ကမ်းလေ့ရှိပြီး ကျွမ်းကျင်သောရက်ကန်းသမားများသည် ၎င်းတို့၏ လက်မှုပညာကို နှစ်ပေါင်းများစွာကပင် ကျွမ်းကျင်စွာတတ်မြောက်လာကြပါသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးတွင် ရက်လုပ်သောပုံသဏ္ဌာန်များကွဲပြားကြပြီး အသုံးပြုသည့်ပုံစံများ၊ ဒီဇိုင်းများနှင့် အရောင်းများကိုကြည့်၍ ခွဲခြားသတ်မှတ်နိုင်ကြသည်။
မြန်မာ့ရိုးရာရက်ကန်းစင်သည် ကျွမ်းကျင်သောရက်ကန်းသမားများအသုံးပြုသည့် အဓိကကိရိယာဖြစ်ပြီး အနုစိပ်သောအထည်များကိုဖန်တီးသည်။ ရက်ကန်းကို ပုံမှန်အားဖြင့် ဝါးဖြင့်ပြုလုပ်ထားပြီး မြန်မာ့လက်မှုပညာ၏ ထက်မြက်မှုကိုပြသသည့် အခြေခံကျပြီး ထိရောက်သောဒီဇိုင်းများကိုပါရရှိသည်။ မြန်မာရက်ကန်းသမားများသည် မိမိတို့၏အထည်အလိပ်များထုတ်လုပ်ရန်အတွက် ဒေသထွက်သဘာဝအမျှင်များကို အများစုအသုံးပြုကြသည်။ ချည်၊ ပိုးနှင့် ကြာမျှင်များကို အများစုအသုံးပြုကြသည်။ အထူးသဖြင့် ကြားပန်းပင်များမှ အမျှင်များကိုထုတ်ယူကာ ချည်မျှင်အဖြစ်သို့ရရှိအောင် အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ခြင်းသည် ရှားပါးပြီး လေးစားဖွယ်ကောင်းသော ပညာရပ်တစ်ခုဖြစ်ပေသည်။ ကြာချည်မျှင်များကိုအသုံးပြုပြီး လက်ရာမြောက်သော အထည်များအဖြစ်ဖန်တီးသည့် လုပ်ငန်းစဉ်သည် ပင်ပန်းခက်ခဲပြီး အချိန်များစွာပေးရသောကြောင့် ကြာပန်းချည်အထည်အလိပ်များမှာ ရှားပါးပြီး အလွန်တန်ဖိုးမြင့်မားသောအထည်များဖြစ်သည်။
မြန်မာ့အထည်အလိပ်များတွင် အဓိကအသုံးပြုသည့်ပစ္စည်းများမှာ ပိုးထည်နှင့် ချည်ထည်များဖြစ်သည်။ ပိုးကောင်များမှရရှိသော ပိုးသည် ၎င်း၏နူးညံ့မှုနှင့် တောက်ပြောင်မှုအတွက် အသိအမှတ်ပြုခံရပြီး ချည်သားသမှာ သက်တောင့်သက်သာရှိပြီး ဘက်စုံသုံးနိုင်သည့်အတွက် တန်ဖိုးရှိလှပါသည်။
မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်း၏ အထူခြားဆုံးထူးခြားချက်တစ်ခုမှာ သပ်ရပ်လှပပြီး ရုပ်လုံးကြွသော ဒီဇိုင်းပုံစံများဖြစ်သည်။ မြန်မာ့အထည်အလိပ်များကို ရှုပ်ထွေးနက်နဲသော ဂျီဩမေတြီဒီဇိုင်းများ၊ ပန်းပုံစံများ၊ ဒဏ္ဍာရီလာသတ္တဝါများနှင့် အခြားသင်္ကေတများ၏ ကိုယ်စားပြုမှုများဖြင့် ဖန်တီးကြသည်။ တောက်ပြောင်သောအရောင်များကို ကျွမ်းကျင်စွာပေါင်းစပ်ပြီး ၎င်းတို့၏ဖန်တီးမှုများတွင် ခြားနား/ဆန့်ကျင်သောလက်များကို ကျွမ်းကျင်စွာပေါင်းစပ်ထားသောကြောင့် ရက်ကန်းသမားများ၏ အနုပညာလက်ရာသည်လည်း ယခုချိန်ထိ တောက်ပနေပါသည်။
ထို့ပြင် မြန်မာ့ရက်ကန်းသည် မကြာခဏဆိုသလို “နှစ်ထပ်ကွတ်” ဟုခေါ်သော ထူးခြားသောနည်းပညာတစ်ခုပါဝင်ပြီး ချည်နှင့်ချည်များကို မရက်လုပ်ခင်တွင် ခံနိုင်ရည်ရှိအောင် ဆေးဆိုးထားလေ့ရှိသည်။ ဤနည်းလမ်းသည် ထူးခြားပြီး ထူးခြားသောတိကျမှုနှင့် ကျွမ်းကျင်မှုကိုလိုအပ်ကာ ဆွဲဆောင်မှုရှိသော အချိုးကျသောပုံစံများကိုရရှိစေသည်။
မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းသည် မြန်မာ့လူအဖွဲ့အစည်းတွင် ကြီးမားသောယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုတစ်ခုဖြစ်သည်။ လက်မှုပညာသည် နိုင်ငံ၏ဓလေ့ထုံးတမ်းများ၊ ဘာသာရေးအလေ့အထများနှင့် နေ့စဉ် လူမှုဘဝတို့နှင့် နက်နက်ရှိုင်းရှိုင်းရောယှက်နေပေသည်။ အထည်အလိပ်များသည် အခမ်းအနားများ၊ ပွဲတော်များနှင့် ဘာသာရေးထုံးတမ်းများတွင် မရှိမဖြစ်အခန်းကဏ္ဍအနေဖြင့် ပါဝင်ပါသည်။ ဥပမာအားဖြင့် သံဃာတော်များ၏သင်္ကန်းကို အလွန်ဂရုပြု၍ အလွန်ရိုသေကြပါသည်။ ထို့ပြင် လက်ရက်ထည်များကို အခမ်းအနားကြီးများ၊ အထူးအချိန်အခါတို့၌ လေးစားမှုနှင့် ချစ်ကြည်ရေးသင်္ကေတများအဖြစ် မကြာခဏလဲလှယ်ကြသည်။
မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းကို ဆက်လက်မြတ်နိုးကာ ဂုဏ်ပြုနေသော်လည်း ခေတ်သစ်ကမ္ဘာတွင် စိန်ခေါ်မှုတချို့နှင့်ရင်ဆိုင်နေရသည်။ စက်မှုထွန်းကားမှုနှင့် အမြောက်အများထုတ်လုပ်ပြီး ဈေးသက်သာသောအထည်အလိပ်များတိုးလာခြင်းကြောင့် လက်လုပ်မြန်မာ့အထည်များမှာ ဝယ်လိုအားကျဆင်းလာခဲ့သည်။ ထို့ပြင် နိုင်ငံရေးနှင့် စီးပွားရေးအကြောင်းအရင်းများသည် ရိုးရာရက်ကန်းလုပ်ငန်းအသိုင်းအဝိုင်းကို သက်ရောက်မှုရှိပြီး ဤတန်ဖိုးကြီးသော အမွေအနှစ်များ၏ရှင်သန်မှုကို ခြိမ်းခြောက်လျက်ရှိသည်။
အလွန်အရေးပါသော ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် အမျိုးမျိုးသောအဖွဲ့အစည်းများနှင့် ကြိုးပမ်းမှုများသည် မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းကို မြှင့်တင်ထိန်းသိမ်းရန်အတွက် လုပ်ဆောင်လျက်ရှိပါသည်။ ပြည်တွင်းလက်မှုပညာသည်များနှင့် နိုင်ငံတကာမှဝါသနာရှင်များသည် ဤရှေးဟောင်းလက်ရာသည် နောင်လာနောင်သားများအတွက် ပျောက်ပျက်မသွားစေရန်နှင့် စိတ်ဝင်စားမှုပြန်လည်ရှင်သန်လာစေရန်အတွက် ရည်ရွယ်သည့် အစပျိုးမှုများသည် ပြည်တွင်းရက်ကန်းသမားများကိုပံ့ပိုးပေးခြင်းနှင့် ရေရှည်တည်တံ့သောဈေးကွက်များ ဖန်တီးပေးခြင်းတို့သည် ဤအဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်များ ဆက်လက်တည်တံ့နေစေရန်အတွက် အရေးကြီးပါးသည်။
မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းသည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များပေါများပြီး လက်မှုပညာရှင်များ၏ ထူးထူးခြားခြားအတတ်ပညာများအတွက် လက်ရှိသက်သေတစ်ခုပင်ဖြစ်သည်။ အနုစိပ်သောပုံစံများ၊ သဘာဝအမျှင်များနှင့် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသော ယဉ်ကျေးမှုဆိုင်ရာအရေးပါမှုများသည် ဤလက်ရက်ထည်များကို ကြည့်ရှု့လေ့လာရန် ရတနာတစ်ခုဖြစ်လာစေသည်။ မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းကို တန်ဖိုးထားထောက်ခံခြင်း၊ အားပေးကူညီခြင်းဖြင့် ကျွမ်းကျင်သောရက်ကန်းသမားများ၏ အသက်မွေးဝမ်းကြောင်းအတွက်သာမက မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၏ အနှစ်သာရကိုဖော်ညွှန်းထားသည့် အဖိုးတန်အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များလည်းထုတ်လုပ်နိုင်မှသာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)