မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ကြွယ်ဝသောသဘာဝအရင်းအမြစ်များနှင့် မဟာဗျူဟာကျသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကုန်သွယ်မှုမိတ်ဖက်များတိုးမြှင့်ရေး၊ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးများနှင့် အဓိကကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများကိုဆောင်ရွက်လျက်ရှိသည်။ မြန်မာ့စီးပွားရေးသည် စိုက်ပျိုးရေး၊ သဘာဝအရင်းအမြစ်များနှင့် အများအားဖြင့် လုပ်သားဈေးကွက်အပေါ် မူတည်နေသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းတူးဖော်ရေးနှင့် စိုက်ပျိုးရေးကဲ့သို့သော အဓိကစက်မှုလုပ်ငန်းများသည်နိုင်ငံ၏ GDP တိုးတက်မှုအတွက် အထောက်အကူဖြစ်စေသည်။ ဒေသတွင်းကုန်သွယ်မှုသဘောတူညီချက်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးတစ်ရပ်ဖြစ်စေသည်။
တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံအပါအဝင် ကမ္ဘာ့အကြီးဆုံးဈေးကွက်တချို့နှင့် မြန်မာနိုင်ငံ နီးကပ်စွာတည်ရှိနေခြင်းသည် ကုန်သွယ်မှုအတွက် အခွင့်အလမ်းများစွာဖြစ်စေသည်။ ထို့ကြောင့် ကုန်သွယ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးခိုင်မြဲစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအတွက် ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးစာချုပ်ဖြစ်သည့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) တွင်ပါဝင်မှုသည် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျနှင့် အာဆီယံဒေသတွင်းရှိ ဈေးကွက်များသို့ လမ်းကြောင်းတစ်ခုကိုဖန်တီးပေးခဲ့သည်။ အကောက်အခွန်များလျှော့ချပြီး ကုန်သွယ်မှုအတားအဆီးများလျှော့ချလိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်များဖြစ်သည့် ဆန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် အထည်ချုပ်များသည် အကျိုးဖြစ်ထွန်းလျက်ရှိသည်။
မြန်မာနိုင်ငံသည် ကုန်သွယ်မှုစွမ်းရည်မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန်တို့အတွက် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်အခြေခံအဆောက်အအုံနှင့် စက်မှုဇုန်များအပါအဝင် အခြေခံအဆောက်အအုံများဆိုင်ရာ ပရောဂျက်များတွင် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကိုလျှော့ချရန် ကွဲပြားသောမှောင်ခိုဈေးကွက်များကို လျှော့ချရန်နှင့် ကွဲပြားစေရန်တို့အတွက် ကြိုးပမ်းလျက်ရှိသည်။ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နှင့် ကုန်သွယ်မှုဆက်ဆံရေးတိုးမြှင့်ရန် အာရုံစိုက်လျက်ရှိသည်။ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) သည် မြန်မာနိုင်ငံအား ကုန်စည်၊ ဝန်ဆောင်မှု၊ အရင်းအနှီးနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်းသွားလာမှုမှ အကျိုးကျေးဇူးရရှိစေမည်ဖြစ်သည်။ ဒေသတွင်းပေါင်းစည်းမှုကိုတိုးမြှင့်ခြင်းဖြင့် မြန်မာနိုင်ငံသည် အာဆီယံဈေးကွက်များတွင် ကုန်ပစ္စည်းများတိုးပွားလာနေသော ဝယ်လိုအားကို အသုံးချနိုင်မည်ဖြစ်သည်။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) မှတစ်ဆင့် လမ်းများ၊ ဆိပ်ကမ်းများ၊ ရထားလမ်းများနှင့် စွမ်းအင်လိုင်းများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်လာစေရန် တွန်းအားပေးလျက်ရှိသည်။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ဖွံ့ဖြိုးရေးချေးငွေများမှတစ်ဆင့် ရန်ပုံငွေများရရှိစေသည်။ စိုက်ပျိုးခေတ်မီတိုးတက်ရေးအတွက် လယ်ယာကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်းဖြင့် ဆန်၊ ပဲမျိုးစုံနှင့် အခြားသီးနှံများတင်ပို့နိုင်မှုအလားအလာတိုးမြှင့်စေသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ရန်အတွက် အထူးစီးပွားရေးဇုန်များတည်ထောင်ခြင်းဖြင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ အထူးစီးပွားရေးဇုန်များသည် ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု၊ အထည်အလိပ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ အလုပ်အကိုင်ဖန်တီးမှုများကိုပေးနိုင်သည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆန်းသစ် တီထွင်မှုများသည် အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းတစ်ခုဖြစ်သည်။ ကျေးလက်ဒေသများတွင် အင်တာနက်သုံးစွဲနိုင်မှုကိုမြှင့်တင်ရန်နှင့် ဒစ်ဂျစ်တယ်စာတတ်မြောက်မှုကိုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ကုန်သွယ်မှုတွင် RCEP နှင့် Belt and Road initiative ကဲ့သို့ ဒေသဆိုင်ရာသဘောတူညီချက်များသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။
Source ; Development and trading ; The key to Myanmar’s Nation Economic Growth
DOCA(ရန်ကုန်)