“ဝ”ဥကို ဂျပန်လူမျိုးများသာမက အခြားနိုင်ငံများမှ လူမျိုးများလည်း ဆေးဖက်ဝင်ဓာတ်စာအဖြစ်အသုံးပြုကြသည်။ ရှေးခေတ် တရုတ်နှင့် ဂျပန်ဆေးကျမ်းများတွင် “ဝ” ဥကိုစားသုံးခြင်းဖြင့် ဆီးကောင်းခြင်း၊ ဝမ်းဗိုက်(အူ၊ ဆီးအိမ်) အတွင်းမှ အစိုင်အခဲ၊ ကျောက် စသည်တို့ကို ကျေသက်စေကြောင်းကိုရေးသားဖော်ပြထားသည်။ “ဝ”ဥ တွင် Mannam Grain ဓာတ်ပါဝင်မှုကြောင့် ကိုယ်လက်ကြံ့ခိုင်ခြင်း၊ ဝဖြိုးစေခြင်း၊ ယားယံခြင်း၊ ဆာလောင်မွတ်သိပ်မှုကိုပျောက်စေခြင်း၊ သလိပ်ထ၊ အဖျဉ်း၊ အလုံး၊ လေပြွန်ရောင်၊ လည်ချောင်းပူ၊ လေနာ၊ ဝမ်းဗိုက်နာ၊ ဆင်ခြေထောက်ရောဂါများပျောက်ခြင်း၊ နှလုံးတုန်ရင်ခုန်ရောဂါများမှကာကွယ်ပေးခြင်း၊ “ဝ”ဥရိုင်းကို လျှာပွတ်ဆေးအဖြစ်အသုံပြုခြင်း စသည့် ပရဆေးများအဖြစ်အသုံးပြုကြ သည်။ အဓိကအကြောင်းအရင်း မှာ “ဝ”ဥတွင် လူကို အဝလွန်၊ အဆီပိတ်ပြီး ဘေးဖြစ်စေတတ်သော ကိုလက်စထရော (ခေါ်) ဓာတုပစ္စည်းတစ်မျိုး မပါသလောက် လွန်စွာနည်းပါသည်။ “ဝ”ဥကြော်၊ “ဝ”ဥဟင်း၊ “ဝ”ဥသုပ်စားပြီးသော အခါဆာလောင်မွတ်သိပ်မှုမှ အာသာပြေပျောက်သွားသည်။ “ဝ”ဥထဲတွင် HDL ကိုလက်စထရော မပါသလောက်နည်းသဖြင့် သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ဆီးချို စသည့်ရောဂါဆိုးများဖြစ်မလာအောင် ထိန်းသိမ်းကာကွယ်ပေးနိုင်သည်။ လယ်ယာစိုက်ပျိုးရေးကောပိုရေးရှင်း (မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း)က ၁၉၈၀ပြည့်နှစ်တွင်ထုတ်ဝေခဲ့သော မြန်မာ့ဆေးဝါးပင်များစာအုပ်တွင် “ဝ”ဥနှင့်ပတ်သက်ပြီး “ဝ”ဥအား အမျိုးသမီးများဗိုက်ပူခြင်း၊ ဆီးအိမ်ကြီးခြင်းမှကာကွယ်ရန်လည်းကောင်း၊ ကိုယ်ရည်စစ်၍ အသားအရေလှပစေရန်လည်းကောင်း၊ သက်ကြီးရွယ်အိုများအတွက် နှလုံးတုန်၊ ရင်ခုန်ရောဂါကိုကာကွယ်ရန်လည်းကောင်း၊ လူ့ခန္ဓာကိုယ်တွင် လိုအပ်သည်ထက်ပို၍ အဆီများ၊ အစိုင်အခဲဖြစ်ခြင်းမှ ဟန့်တားရန်လည်းကောင်း အသုံးဝင်သည်ဟု၍ လေ့လာမှတ်သားရပါသည်။
DOCA(ပဲခူး)