၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပြုလုပ်မည်

Powered by Drupal
Thu, 03/06/2025 - 15:12 -- consumer_admin

စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပိုမိုအလေးဂရုပြုလာစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အမည်ပြောင်းလဲဖွဲ့စည်း ခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day-WCRD) အထိမ်းအမှတ်အခမ်းအနားများကို အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ (Consumers International-CI) က သတ်မှတ်ပေးထားသည့် ဆောင်ပုဒ်များနှင့်အညီ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ၁၀ နှစ်တာကာလသို့ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၏ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ  “လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့ (A Just Transition to Sustainable Lifestyles)” ဖြစ်ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လူစည်ကားရာနေရာတွင် ဆောင်ပုဒ်ပါ ဗီနိုင်းများ ချိတ်ဆွဲ ခြင်း၊ စားသုံးသူအသိပညာပေးပိုစတာများစိုက်ထူခြင်း၊ စားသုံးသူအသိပညာပေး Video Clip များ ပြုလုပ်၍ LED Board တွင် ပြသခြင်း စသည်တို့ကိုဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဆောင်ပုဒ် နှင့်အညီ ဆောင်းပါးနှင့်ကာတွန်း ပြိုင်ပွဲများအား ဝန်ကြီးဌာနအဖွဲ့အစည်းများမှ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်၍ ဆုရရှိသူများအား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့၊ ရုံးအမှတ် (၃) ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်း အမှတ်အခမ်းအနားတွင်ဆုချီးမြှင့်ပေးမည်ဖြစ်ပါသည်။ အခမ်းအနားတွင် အထိမ်းအမှတ်တံဆိပ်ပေး အပ်ခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုပြသခြင်း၊ ဦးစီးဌာန ဂုဏ်ပြုတေးသီချင်းဖြင့် သရုပ်ဖော်ကပြခြင်း၊ စစ်ဆေးရေးအရှိများ၏ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းဆောင်ရွက်မှုအားသရုပ်ဖော်တင်ဆက်ပြသခြင်း၊ ၂၀၂၄ ခုနှစ်အတွင်း သက်ပြည့်ပင်စင် ခံစားခဲ့သူများအား ဂုဏ်ပြုလွှာနှင့် ကုန်သွယ်လယ်ယာရိုင်းပင်းအသင်းဝင်လျှောက်လွှာများ ပေးအပ် ခြင်းစသည်တို့ကိုဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်အဖွဲ့ဝင်များ၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအထောက်အကူပြုအဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ဝင်များ၊ မြန်မာစားသုံးသူသမဂ္ဂအဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများတက်ရောက်ကြမည် ဖြစ်ပါသည်။

ထို့အပြင် စားသုံးသူကာကွယ်ရေးဆိုင်ရာထုတ်ပြန်ထားသော စာအုပ်စာစောင်များ၊ လှုပ်ရှားမှု ဓါတ်ပုံမှတ်တမ်းများ၊ အသိပညာပေးဆိုင်းဘုတ်များ၊ ပြိုင်ပွဲဝင်နှင့်ဆုရ ကာတွန်းဆောင်းပါးများ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပြည်စုံသည့်နာမူနာကုန်စည်များ စသည့်တို့ကို ပြခန်းများပြုလုပ်၍ ခင်းကျင်းပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားများကို စားသုံးသူစားသုံးသူရေးရာ ဦးစီးဌာန (ရုံးချုပ်) အပါအဝင်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

သတင်းစဉ်