
တရုတ်နိုင်ငံမှာမြန်မာ့ပဲတီစိမ်းများကို ပြန်လည်ဝယ်ယူမည်ဆိုသောကြောင့် ပြည်တွင်းစျေးကွက် တွင် ပဲတီစိမ်းအမျိုးအစားအချို့ စျေးမြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ သိရှိရသည်။ ပြီးခဲ့သည့် လများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများနေခြင်းကြောင့် ပဲတီစိမ်းတန်ချိန် ၁၀,၀၀၀ကျော်ကို ပြန်လည်ပို့ ဆောင်သည့်ဖြစ်စဥ်အပြီးတွင် တရုတ်နိုင်ငံမှမြန်မာ့ပဲတီစိမ်းအဝယ်ရပ်လိုက်သည်။ ထို့နောက် နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများမှာ ညှိနှိုင်းပြီးနောက် တရုတ်နိုင်ငံမှ ပြန်လည်ဝယ်ယူပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် ပဲတီစိမ်းများကို တရုတ်စျေးကွက်အပြင် အိန္ဒိယ၊ ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင်နိုင်ငံများကိုလည်း တင်ပို့ရောင်းချသည်။ တစ်နှစ်လျှင် တန်ချိန်၁သန်းကျော် စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့ပဲတီစိမ်းကို တရုတ်စျေးကွက်မှ ၆၀ရာခိုင်နှုန်းကျော် စျေးကွက်ဝယ်ယူထားသည်။ ထို့ကြောင့် တရုတ်စျေးကွက်သည် မြန်မာနိုင်ငံမှ ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူလယ်သမားများအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ထို့ကြောင့် ဆောင်းပဲတီ စိမ်းစိုက်ပျိုးမည့်တောင်သူများအနေဖြင့် မိမိစိုက်ပျိုးသော သီးနှံကို GAPစနစ်ဖြင့် စိုက်ပျိုးပြီး ပိုးသတ် ဆေးများအပါအဝင် ဓာတုဆေးများသုံးစွဲမှုကိုလည်း စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် တင်ပို့ရောင်းချ သူများကအကြံပြုထားကြောင်း သိရှိရပါသည်။
