ဖြေရှင်းဆောင်ရွက်ပေးမှုများ
xxx အိုးမရွေးစတီးမီးဖိုနှင့် နှစ်ခုတွဲ အကင် စက်အမျိုးမျိုးဖြန့်ချီရေးမှ အိုးမရွေး လျှပ်စစ်မီးဖို(၁) လုံး အာမခံချက်(၆လ) အတွင်း လဲလှယ်ခွင့်ရှိသည်ပါရှိပြီး ဝယ်ယူသုံးစွဲ၍ (၂၈)ရက် အကြာတွင် ပျက်သွား၍ အာမခံထားသည့် အတိုင်းဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ရာ ပြင်ဆင်မှုသာ ဆောင်ရွက်ပေးသဖြင့် နစ်နာသူမှတိုင်ကြား၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရောင်းသူ/ဝယ်သူ(၂) ဦးအား ခေါ်ယူ၍ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ ရောင်းသူမှ အာမခံထားသည့်အတိုင်း မီးဖိုအသစ်(၁) လုံး လဲလှယ်ပေးခဲ့ခြင်း စားသုံး

Junction Centre ( Naypyitaw) ရှိ Ocean ထဲတွင် ရောင်းချသော“xxx” ဇယန်းညွန့်စပ် ဗူးတွင် ကုန်ဆုံးရက်မှာ ၁၀-၁-၂၀၁၈ ခုနှစ် ဖြစ်၍ ဝယ်ယူခဲ့သော်လည်း ဖောက်ကြည့်ခဲ့ရာ မှိုများ တွေ့ရှိရသည်ကို တိုင်ကြားမှုအပေါ် ၁၇-၁၀-၂၀၁၇ ရက်နေ့တွင် Ocean Supercentre မှ ဆက်သွယ် ၍ တောင်းပန်မှု ပြုလုပ်ခဲ့ပြီး ည ၇:၅၆ နာရီတွင် “xxx”လက်ဖက်ဗူး အသစ်အား စားသုံးသူထံ လာရောက်လဲလှယ်ပေးခဲ့ရာ တိုင်ကြားသူအနေဖြင့် CICC ၏ ညှိနှိုင်းဖြေရှင်းပေးမှုနှင့် Ocean Supercentre မှ လာရောက် တောင်းပန်၍ ပစ္စည်းအသစ် လဲလှယ်ပေးမှုတို့ကြောင့် စိတ်ကျေနပ်မ

Ocean Supercentre (Ottarathiri) မှ ဝယ်ယူခဲ့သည့် Water Heater တွင် ချို့ယွင်းချက်ရှိ၍ Ocean Supercentre သို့ ဆက်သွယ်၍ ဖြေရှင်းဆောင်ရွက်ပေးရန် အရေးဆိုသော်လည်း ပြုပြင်ပေး ခြင်း မရှိသည့်အတွက် ရုံးချုပ် CICC သို့ တိုင်ကြားခဲ့ရာ တာဝန်ခံအား ဆက်သွယ်၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည့်အတွက် Ocean Supercentre မှ တာဝန်ခံသည် ဝယ်ယူသူဘက်သို့ ဆက်သွယ် ပြီး အသစ် (၁) လုံး လဲလှယ်ပေးခဲ့ပါသည်။ သို့သော် ဝယ်ယူသူဘက်မှ သုံးစွဲသည်မှာ အဆင်မပြေသော ကြောင့် ၂၂-၁၁-၂၀၁၇ ရက်နေ့တွင် SUI KANGAROO ကုမ္ပဏီကိုယ်စား Ocean Supe

xxx ကင်ဆာအမြစ်ပြတ်ဆေးအား Online ပေါ်တွင် ပြန်လည်ရောင်းချမှုနှင့် ပတ်သက်၍ ထပ်မံတိုင်ကြားလာခြင်းကိစ္စအပေါ် ၇-၁၂-၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်ရှိ xxx တိုင်းရင်း ဆေးဝါးစက်ရုံနှင့် တွဲဖွင့်ထားသော ဆေးခန်းသို့ အသွင်ယူစုံစမ်းရာ အထွေထွေမန်နေဂျာ ဒေါ်စန်းစန်းရီက တာဝန်ယူကုသပေးနိုင်ကြောင်း၊ အဆိုပါဆေးဗူးအမှတ်တံဆိပ်ပေါ်တွင် ဆေးအမည်၊ ပါဝင်သောပစ္စည်းများ၊ သုံးစွဲရန်အညွှန်း၊ တိုင်ရင်းဆေးဝါးထုတ်လုပ်ခွင့်မှတ်ပုံတင်အမှတ်၊ ၃/၂၀၁၃ တ

၂၀၁၆ခုနှစ်၊ ဇူလိုင်လအတွင်း ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ရောင်းချနေသောထမင်းကြော်၊ ခေါက် ဆွဲကြော်၊ မုန့်တီသုပ်များကိုဝယ်ယူစားသုံးသူ(၆၂)ဦး အော့အန်ခြင်း၊ ရင်ကြပ်ခြင်း၊ သတိလစ် ခြင်းများဖြစ်ခဲ့သဖြင့် စားအုန်းဆီ ပေးပို့ရောင်းချသော ပွဲရုံ ပင်ရင်းသို့ ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာရန်ကုန်မြို့၊ ညောင်ပင်လေး ဈေးရှိပွဲရုံမှ တစ်ဆင့်ဝယ်ယူရောင်းချသောစားအုန်းဆီမှ အစာအဆိပ်သင့်မှုဖြစ်ကြောင်းသိရှိခဲ့ရပါသည်။
