သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂပူမြို့နယ် မြင့်ရတနာ ဆန်စက်လုပ်ငန်းသို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၅.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၄၅) နာရီအချိန်တွင် အင်္ဂပူမြို့၊ အောက်ရွာကြီးကျေးရွာရှိ မြင့်ရတနာဆန်စက်၌ ဆန်စက်လုပ်ငန်းရှင် ဦးထက်မြက်နိုင် နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေ ရေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန် ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက် ပါ ဆန်ဈေးနှုန်းများနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေးမမှန်မကန် ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈး ကွက်ရှိရာ မြို့နယ်အတွင်း / မြို့နယ်ပြင်ပများသို့ ချိတ်ဆက်တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပများသို့ ဆန် များ တင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင် ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်၊  ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်လည်း စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီ သော ကုန်စည်များကိုသာရောင်းချရန်၊စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များအကြောင်း၊တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် “ရတနာလင်း” ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၅.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ရွှေဘုံသာလမ်း၊ အမှတ်(၆)ရပ်ကွက်ရှိ “ရတနာလင်း”ဆီစက်လုပ် ငန်းရှင် ဦးနေလင်းနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်  တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင် ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဆောင်ရွက်ရန်၊ ဈေးကွက်မရောက်မီကြိတ်ခွဲထုတ်လုပ်လျက်ရှိသောဆီများတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးဦးစားပေး ဆောင်ရွက် ပေးစေလိုကြောင်း၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက်များ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်မှုရှိကြောင်း၊ တစ်နေ့လျှင် ကြိတ်ခွဲထုတ်လုပ်နိုင်သော ဆီတန်ချိန်၊ကြိတ်ခွဲ ထုတ်လုပ်သော ကုန်ကြမ်းများ ရယူသော နေရာ၊ဒေသများကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်အနေဖြင့် ပြည်သူများစားသုံးရာတွင် ကျန်းမာရေး နှင့်သင့်တင့်ညီညွတ်မျှတအောင် ကြိတ်ခွဲထုတ်လုပ်ရန်၊ စားသုံးသူများအသုံးပြုရန် သင့်လျော်သောဆီ များကိုသာရောင်းချရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချနိုင်ရေးရှင်းလင်းပြောကြားကာ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့နယ်တွင် မိုးစပါးရာသီကာလ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ

    ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်စိုက်တိုးမြှင့် ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်၊ယုံသလင်းတိုက်နယ်၊သင်္ဘန်းကုန်းကျေးရွာအုပ်စုရှိတောင်သူ ဦးချစ်ထွန်း၏ လယ်မြေဧရိယာ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားသို့  တက်ရောက်ကြ ကာ ဟင်္သာတမြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်အတူ  စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတမြို့နယ် တာဝန်ခံမှ ထိုအခမ်းနားသို့ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအခမ်းအနားကို ဟင်္သာတခရိုင်၊ဟင်္သာတမြို့ ယုံသလင်းတိုက်နယ်၊သင်္ဘန်းကုန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးချစ်ထွန်း၏ လယ်မြေ(၃ ဧက)၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ကြဲပက်လျက်ရှိကာ အဆိုပါ သစ်စိမ်းမြေဩဇာ ကြဲပက်ခြင်းကြောင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး၊ မိုးစပါးအထွက်နှုန်းတိုးတက်လာစေရန်နှင့် ဓါတ်မြေဩဇာသုံးစွဲမှုကို လျော့ချနိုင်ကာ သဘာဝပတ်ဝန်း ကျင်ရှိ မြေဆီလွှာ၊ ရေ တို့တွင် ဓါတုအဆိပ်သင့်မှု လျော့နည်းစေ၍ မြေဆီလွှာ၏ ချဉ်ငံဓါတ်ကိုလည်း ထိန်းညှိပေးသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း မြို့နယ်စိုက်တိုးမြှင့်အဖွဲ့တာဝန်ရှိသူမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ တက်ရောက်ကာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များအား ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ပြီး နံနက်(၁၀:၃၀)အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊နတ်တလင်း ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်နှင့်ဈေးကွက်ရောက်ပြီး ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ နတ်တလင်း ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံဦးဆောင်၍ နတ်တလင်းမြို့နယ် တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံတို့သည် (၃.၄.၂၀၂၅)ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် နတ်တလင်းမြို့၊ ရွာမရပ်ကွက်၊ အေးငြိမ်းသာမြို့သစ်၊ ဓမ္မစေတီလမ်းရှိ မြသော်တာ ပေါင်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ပေါင်မုန့်အမျိုးမျိုးတွင် ကုန်စည်များ၏ အမည်၊ အရွယ်အစား၊ အ‌ရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို သိသာ ထင်ရှားစွာဖော်ပြရန် စီးပွားရေးလုပ်ငန်းရှင်အား အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

ညောင်တုန်းမြို့နယ်တွင် ဒေသခံပြည်သူများအား သက်သာသောနှုန်းထားဖြင့် ကြက်ဥ ၊ ဘဲဥ နှင့် ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ငါးများ ရောင်းချပေးလျက်ရှိ

   မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ် လမ်းညွှန်မှုဖြင့်   ညောင်တုန်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကြက်ဥ၊ ဘဲဥ နှင့် ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ငါးများကို သက်သာသော ဈေးဖြင့် ဝယ်ယူနိုင်ရန်  ၂.၅.၂၀၂၅ မှ ယနေ့ ၅-၅-၂၀၂၅ရက်နေ့အထိ နံနက်ပိုင်းက ကုန်ဈေးနှုန်းတည်ငြိမ်ရေးလူပ်ငန်းအဖွဲ့များဖြင့် (၃)ရပ်ကွက်၊ (၄)ရပ်ကွက်၊ (၇)ရပ်ကွက်၊ (၉)ရပ်ကွက်နှင့် ဆားမလောက်ဈေး၊ တာကွေ့ဈေး၊ ကြိမ်ပင်ဆယ်ကျေးရွာ၊ မဲဇလီကျေးရွာများတွင် အဖွဲ့စုံခွဲ  စုပေါင်း၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

   ထိုသို့ရောင်းချရာတွင် ကြက်ဥတစ်လုံး(၃၅၀-၄၅၀)၊ ဘဲဥတစ်လုံးလျှင် ၄၅၀-၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥအလုံးရေ (၁၆၄၀၀)၊ ဘဲဥအလုံးရေ (၂၂၅၀) ဈေးဖြင့် (၁၅.၁၁.၂၀၂၄)ရက်နေ့တွင်ရောင်းချပြီး ၅.၅.၂၀၂၅ ရက်နေ့ကလည်း ကြက်ဥအလုံးရေ (၁၆၄၀၀)နှင့် ဘဲဥအလုံးရေ (၂၂၅၀)ကို Social Distancing နှင့်အညီ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

      ဆန် ၁၀ပြည်ကို လူတစ်ဦး လျှင် ၁ပြည်နှုန်း ဆန်ဈေး  ၁ပြည် (၃၀၀၀)ကျပ်၊ ဆီ ၃၀ပိဿာ လူတစ်ဦး ၅၀ကျပ်သား၊ ဆီဈေး ၁ပိဿာ ၇၁၈၀ ကျပ်၊ ဝက်သား၁၅ပိဿာ လူတစ်ဦး ၂၀ ကျပ်သားဖြင့် ၁ပိဿာ ၁၉၀၀၀ကျပ်ဈေးဖြင့်လည်းကောင်း၊ ကြက်သား ၁၀ပိဿာ လူတစ်ဦးလျှင်  ၃၀ကျပ်သားဖြင့် ကြက်သားဈေးနှုန်း ၁ပိဿာ ၁၈၀၀၀ကျပ်ဖြင့် လည်းကောင်း၊ ငါး ၁၅ပိဿာ လူတစ်ဦး ၃၀ကျပ်သားဖြင့် ငါးဈေး ၁ပိဿာ ၆၀၀၀ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူအခွင့်အရေး ဆုံးရှုံးနစ်နာမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာမှုအပေါ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

   ၂-၅-၂၀၂၅နေ့ နံနက် (၁၀:၃၀) အချိန်တွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် အဖွဲ့သည်  မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင်ငွေကြေးလိမ်လည်မူပတ်သက်၍ CICCသို့တိုင်ကြားမူအား ပဏာမ ကွင်းဆင်းစစ်ဆေးခဲ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်မှ ငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍ တိုင်ကြားသူအား ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးတွင် လက်ခံတွေ့ဆုံ၍ တိုင်ကြားလာသောအချက်အလက်များကို သိရှိနိုင်ရန် ဖြစ်စဉ်အကျဉ်းကို မေးမြန်းဆောင်ရွက်ခဲ့ပြီး စားသုံးသူထိခိုက်နစ်နာမှုအတွက် အကောင်းဆုံးဖြေရှင်း ဆောင်ရွက်နိုင်ရန် ဖြေရှင်း ဆောင်ရွက်မှုကို မှတ်တမ်းယူ၍ ဆက်လက်ဆောင်ရွက်ပေးမည်ကို တိုင်ကြားသူအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်ဦးစီးမှုးရုံးဝန်းအတွင်း ရုံးသန့်ရှင်းရေးကို ဝန်ထမ်းများ စုပေါင်းဆောင်ရွက်

   ဓနုဖြူမြို့နယ်ရှိ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများ ၁-၅-၂၀၂၅ ရက်နေ့က နွေရာသီအကုန် မိုးအကူး ကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာမှု ရှိစေရန် ခြင်၊ ယင် ကင်းဆင်စေရန် ရုံးတွင်း/ပြင် သန့်ရှင်းရေးဆောင်ရွက်မှု ပြုလုပ်ခဲ့ကြသာ်။

      စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ရုံးပတ်ဝန်းကျင်သာယာလှပရေးအပါတ်စဉ် လစဉ် သန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး ပေါင်းမြက်များနှင့် အမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်လင်း ဆောင်ရွက်ခဲ့ကြပြီး၊ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သယ်ယာဉ်ဖြင့် မြို့ပြင်အမှိုက်ကျင်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

တရားမဝင် စက်သုံးဆီများ ရောင်းချမှု မရှိစေရေး မအူပင်မြို့နယ်တွင်း စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ခရိုင်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် အရံမီးသတ်တပ်ဖွဲ့တို့သည် ၂၀၂၅ ခုနှစ်၊ မေ (၃) ရက်နေ့ တွင် မအူပင်မြို့ပေါ်ရှိ စက်သုံးဆီအရာင်းဆိုင် (၇)ဆိုင် သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူးက စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြုးသည့် လုပ်ငန်းရှင်အား သတ်မှန်ရည်ညွှန်းဈေးအပေါ်  သယ်ယူစရိတ် ၂ရာခိုင်နှုန်းဖြင့် ရောင်းချခြင်း ရှိမရှိနှင့် LED ဘုတ်ဖြင့်ဖော်ပြရောင်ချမှု ရှိမရှိကို စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်နှင့် အညီ ရောင်းချရန်၊ တရားမဝင်စက်သုံးဆီများ အရောင်းအဝယ်မပြုရန်ကို သတိပေး ပြောကြားခဲ့ပြီး ၊ လုပ်ငန်းရှင်များ အနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများအား တင်သွင်း ဖြန့်ဖြူးရောင်းချပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ စက်သုံးဆီများကို ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေး ရေးဦးစီးဌာနက နေ့စဉ်ထုတ် ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်နှင့် ညွှန်ကြားချက်များအတိုင်း ရောင်းချကြရန် ပြောကြားဆွေးနွေးခဲ့ပြီး စစ်ဆေးခဲ့ကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

အလှကုန်ပစ္စည်း အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း အမျိုးအစားပေါင်း (၂၀) ကို FDA Myanmar ထုတ်ပြန် ထားသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနဆို့ပူးပေါင်း၍ မြို့နယ်တွင်းရှိ အလှကုန်အရောင်းဆိုင်များကို လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

   ၄-၅-၂၀၂၅ ရက်နေက ဓနုဖြူမြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးနှင့် ပူးပေါင်းအဖွဲ့သည် နေ့လည် (၁၁၀၀)အချိန်က အလှကုန်နှင့် စတိုးဆိုင်၅ရပ်ကွက်ရှိ ဦးခင်ရွှေ၊ ဒေါ်အေးအေးမာ၊ ဦးဇော်မြင့်၊ ဦးနေအောင်၊ ဒေါ်နွယ်နွယ်ဝင်း အလှကုန်ဆိုင် မှ ရောင်းချသော အလှကုန်များကို ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်းမရှိ MLM အလှကုန်ပစ္စည်းဈေးကွက်အတွင်း တရားဝင်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းလာ သော ပြီး ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး ဓနုဖြူမြို့နယ်အလှကုန်ဈေးကွက်များအတွင်း မှတ်ပုံတင် Brand များကိုသာ ဈေးကွက်အတွင်းဦးစားပေးရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည်။   စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသောကုန်စည်များ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည်နှင့်ပတ်သက်၍အာမခံချက်ပေးခြင်းနှင့် အခန်း(၁၇)ပါ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရောနှောဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

   ၄.၅.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂:၃၀)အချိန်တွင်  ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ရောနှောဆီရောင်းချမှု ရှိသဖြင့် ရောနှောဆီရောင်းချသော မြို့မဈေးအတွင်း လုပ်ငန်းရှင်ထံ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်ခဲ့ကြပြီး ရောနှောဆီ ရောင်းချသောလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ရောနှောဆီရောင်းချသူလုပ်ငန်း ရှင်များသိရှိလိုက်နာနိုင်ရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန် ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဟင်းသီးဟင်းရွက် ရောနှောဆီ အရည်အသွေးအာမခံချက် နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်အမိန့် ဖော်ပြရမည့် အချက်များဖြင့် ကိုက်ညီမှု ရှိမရျိကို စစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက် ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်တို့သည် သက်ဆိုင်ရာဌာနတို့၏ ညွှန်ကြားချက်များကို လိုက်နာမှုမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေ အမျိုးသာ’အစားအသောက်ဥပဒေအရ အရေယူသွားမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ