သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောက်မြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနများနှင့်ပူးပေါင်း၍ (၁၈.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ချောက်မြို့၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ချောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက “ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသောပစ္စည်းများ ရွေးချယ်ဝယ်ယူတတန်စေရန်နှင့် Online လိမ်လည်မှုဆိုးကျိုး များအကြောင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက “လူငယ်နှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်း စရာများ” ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး  အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

           ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကျောင်းအတွင်း ရောင်းချနေသော မုန့်စျေးတန်းရှိမုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့ပေါ်ရှိ ကိတ်မျိုးစုံ၊ ပေါင်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၈.၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ မောင်းတိုင်(၁)ရပ်ကွက်ရှိ “နေလ” ကိတ်မုန့်နှင့် ပေါင်မုန့်ထုတ်လုပ်သည့် လုပ်ငန်းသို့သွားရောက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ညွှန်ကြားချက်များနှင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြစေရေး  အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်အနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရာတွင် စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာပြဌာန်းချက်များနှင့် ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အသိပညာ‌ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်ကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၉.၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တောင်းတွင်ကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်၌ ဘူးသွပ်ဆီများ ရောင်းချလျက်ရှိသည့်ဆီဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိ/မရှိ  သက်ဆိုင်ရာ(FDA)ထောက်ခံချက်ပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ဘူးသွပ်ဆီများ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် စပ်လျဉ်း၍  စားသုံးသူကာကွယ်ရေးဥပဒေဖြင့် ကိုက်ညီမှုရှိကြောင်းနှင့် သက်ဆိုင်ရာ(FDA) ထောက်ခံချက်များလည်း ပြည့်စုံစွာပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာ (၈)ချက်အားလည်းကောင်း၊ အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့်  အချက်(၁၁)ချက်အားလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၌ စားသုံးသူရေးရာအသိပညာပေး(Talk Show)ကျင်းပ

           မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူရေးရာ အသိပညာပေး (Talk Show) ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ စားသုံးသူရေးရာအသိပညာပေး (Talk Show)တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအားသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုဆောင်ရွက်ပါက မှတ်ပုံတင်လက်မှတ်လျှောက်ထားရယူရမည့်လုပ်ငန်းနှင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များစစ်ဆေးမှု၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မရှိဘဲ Online Shopping ရောင်းချသူများအား အရေးယူဆောင်ရွက်မှုများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးချက်များအပေါ် ချောက်မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကျောင်းကုန်းမြို့နယ်ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောင်းကုန်းမြို့နယ် မြို့နယ်တာဝန်ခံ ဦးတင်ကိုသည် ကျောင်းကုန်းမြို့နယ် မြို့နယ်တာဝန်ခံရုံးတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်(၃၄)ဦးအား (၂၀.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးတင်ကိုက စားသုံးသူကာကွယ်ရေးဥပဒေပါ  စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အကြောင်း၊ ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်းအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အရေးကြီးဝန်ဆောင်မှုဖြစ်သည့် Online Sale ရောင်းချခြင်း နှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါ သည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်ရှိ ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်သည် ရေကြည်မြို့နယ် မြို့နယ်တာဝန်ခံရုံးတွင် ဆီလုပ်ငန်းရှင်(၁၆)ဦးအား (၂၀.၂.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဒေါ်ချယ်ရီမြင့်က စားသုံးသူကာကွယ်ရေးဥပဒေပါ  စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက် ပေးခြင်းအကြောင်း၊ ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်းအကြောင်း၊ အစား အသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အရေးကြီးဝန်ဆောင်မှုဖြစ်သည့် Online Sale ရောင်းချခြင်း နှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါ သည်။

DOCA(ဧရာဝတီ)

 

ကျုံပျော်မြို့နယ်ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်မြို့နယ် မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်းသည် ကျုံပျော်မြို့နယ် မြို့နယ်တာဝန်ခံရုံးတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်(၂၈)ဦးအား (၁၄.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဒေါ်ခင်မေဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ  စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းအကြောင်း၊ ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်းအကြောင်း၊ အစား အသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အရေးကြီးဝန်ဆောင်မှုဖြစ်သည့် Online Sale ရောင်းချခြင်း နှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါ သည်။

DOCA(ဧရာဝတီ)

မကွေးမြို့ရှိရွှေမြင့်မော် မုန့်မျိုးစုံလုပ်ငန်းသို့ကွင်းဆင်းလေ့လာခြင်း

           စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ် ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အား ဆောင်ရွက်လျှက်ရှိရာ ပြည်တွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်းရှိ MSMEs လုပ်ငန်းရှင်များထံ ကွင်းဆင်း သွားရောက် တွေ့ဆုံပြီး လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့် အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုများအား တွေ့ဆုံမေးမြန်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ကင်းရပ်ကွက်ရှိ “ရွှေမြင့်မော်” မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်တွေ့ဆုံပြီး နေ့စဉ်ကုန်ကြမ်းသုံးစွဲမှု၊ ထုတ်လုပ်မှု၊ စျေးနှုန်းစျေးကွက်အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

          “ရွှေမြင့်မော်” မုန့်လုပ်ငန်းမှ ကိတ်ခြောက်၊ ပေါင်မုန့်ခြောက်၊ ပေါင်မုန့်ရှည်၊ နို့စိမ်းကိတ်နှင့် ပဲဒါးလှီးမုန့်များ ထုတ်လုပ်လျက်ရှိရာ (၁)ရက်လျှင် ကုန်ကြမ်းဂျုံ (၃၅၀)ပိဿာနှင့် စားအုန်းဆီ (၁၅၀) ပိဿာခန့် သုံးစွဲရကြောင်း၊ ထွက်ရှိလာသော ကုန်ချောကိတ်ခြောက် (၁၆)ချပ်ပါ (၁)ထုပ် လျှင် ကျပ်(၃၀၀၀)၊ ပေါင်မုန့်ခြောက် (၁)ထုပ်လျှင် ကျပ်(၃၈၀၀)၊ ပေါင်မုန့်ရှည်(၁)ထုပ်လျှင် ကျပ် (၂၀၀၀)၊ ပဲဒါးလှီး(၄)ခုပါ (၁)ထုပ်လျှင် ကျပ်(၁၈၀၀)နှင့် နို့စိမ်းကိတ်(၁)ထုပ်လျှင် ကျပ်(၂၈၀၀) နှုန်းတို့ဖြင့် မကွေးမြို့နယ်အတွင်းသာမက မင်းဘူးမြို့၊ မင်းလှမြို့၊ နတ်မောက်မြို့၊ တောင်တွင်း ကြီးမြို့၊ ကျောက်ပန်းတောင်းမြို့နှင့် ချောက်မြို့များအထိ ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း၊ ဝန်ထမ်း အင်အားအနေဖြင့် အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၈)ဦးရှိပြီး အမျိုးသားဝန်ထမ်း (၁)ဦးလျှင် ကျပ်(၂၀၀၀၀၀-၂၅၀၀၀၀)၊ အမျိုးသမီးဝန်ထမ်း(၁)ဦးလျှင် ကျပ်(၁၈၀၀၀၀-၂၀၀၀၀၀)  လစာပေး ချေရပြီး လုပ်ငန်းအတွက် အဓိကလိုအပ်သော စားအုန်းဆီများအား စားသုံးသူရေးရာ ဦးစီးဌာန၏ ကူညီချိတ်ဆက် ဆောင်ရွက်ပေးမှုကြောင့် လစဉ်ခွဲတမ်းဝယ်ယူရရှိနေ၍ လုပ်ငန်းအဆက်မပြတ် လုပ်ကိုင်နေရကာ လုပ်ငန်းရှင်သာမက လုပ်ငန်းတွင် မှီခိုလုပ်ကိုင်နေသော ဝန်ထမ်းများပါ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

သာပေါင်းမြို့နယ်ရှိ ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာပေါင်းမြို့နယ် မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်သည် သာပေါင်းမြို့နယ် မြို့နယ်တာဝန်ခံရုံးတွင် ဆီလုပ်ငန်းရှင်(၇)ဦးအား (၁၉.၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးထွန်းမင်းလတ်က စားသုံးသူကာကွယ်ရေးဥပဒေပါ  စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ အစား အသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အရေးကြီးဝန်ဆောင်မှုဖြစ်သည့် Online Sale ရောင်းချခြင်းနှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများအကြောင်းကို ဟောပြော ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကန်ကြီးထောင့်မြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ မုန့်ဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ် မြို့နယ်တာဝန်ခံ ဦးမြင့်နိုင်ထွန်းနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ မုန့်ဆိုင်လုပ်ငန်းရှင်(၁၉)ဦး အား (၂၀.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စားသုံးသူအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးမြင့်နိုင်ထွန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ  စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်းအကြောင်း၊ ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်းအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အရေးကြီးဝန်ဆောင်မှုဖြစ်သည့် Online Sale ရောင်းချခြင်း နှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါ သည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ