သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ရွှေလရောင်ကြက်သွန်ပေါင်းကြော်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၂၈)ရက်နေ့တွင် ကျောက်ဆည်မြို့၊ ဆည်ထိပ်ထန်းတောရပ်ရှိ ရွှေလရောင် ကြက်သွန်ပေါင်းကြော်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များပြည့်စုံစွာပါဝင်မှုရှိစေရေး၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို ကျောက်ဆည်မြို့နယ်  စည်ပင်သာယာရေးအဖွဲ့ နှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ရွှေလရောင် ကြက်သွန်ပေါင်းကြော်လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များလိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေး ခြင်း နှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့်ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ ဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်၊ဆည်ကြီးကျေးရွာတွင်စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာစည်မြို့နယ်၊ ဆည်ကြီးကျေးရွာအုပ်စု၌ စားသုံးသူပြည်သူများအား စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်(ဒု-ဦီးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အာမခံချက်များအပေါ် စားသုံးသူမှတောင်းဆိုနိုင်သည့်အချက်များ၊ စားသုံးသူပြည်သူများ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ် ဝယ်ယူတက်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်၍ တိုင်ကြားမှုများကို ဖြေရှင်းဆွေးနွေးပေးခဲ့ သည့် ဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးစားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)နှင့် Consumer Call Center (1535) သို့  ဆက်သွယ်နိုင် တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center (1535)သို့ နမူနာ ခေါ်ဆိုဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများမှလည်းသိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကျေးရွာမှ လူဦးရေ  (၇၆)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၇) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နမ့်စန်မြို့နယ် ၊ တွံတီးကျေးရွာတွင် လွိုင်လင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပသော Bakeryထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ၌ စားသုံးသူကာကွယ်ရေးအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ သင်တန်းသူများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး (ဦးစီးအရာရှိ)က ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါ အချက်အလက်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA (ရှမ်း)

 

“ သုံးခွမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့ စားသုံးဆီမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းအား ဩဂုတ်လ (၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချ သည့်ဆိုင်များတွင် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ ဖော်ပြရာတွင် သက်ဆိုင် ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဟင်းသီးဟင်းရွက် (Vegetble Oil, Cooking Oil) နှင့်စပ်လျဉ်းသော ကုန်အညွှန်းအမှတ်အသား ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား ဖော်ပြထား ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ထို့နောက် စားသုံးဆီအမျိုးမျိုး ရောင်းချသော လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ် အသားညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အပြင် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီများ အားရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေး၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

          DOCA(ရန်ကုန်)

“ခရမ်းမြို့နယ်ရှိ (၁၂) ရပ်ကွက်၊ ချဉ်ပေါင်ခြံ၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ (၁၂)ရပ်ကွက်၊ ချဉ်ပေါင်ခြံ အခြေခံ မူလတန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ သက်တမ်း လွန်မုန့်များ ရောင်းချနေမှုရှိ/မရှိနှင့် ကလေးငယ်များ အန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ ရောင်းချနေမှုမရှိစေရေးတို့အတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ကျောင်းအုပ်ဆရာမကြီးတို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဒေါ်ကြူကြူမွှေး၊ ဒေါ်မြင့်အေး၊ ဒေါ်တင်ငြိမ်းတို့တွင် ဈေးဆိုင်များတွင် ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်း အမှတ်အသားများ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားပြီး သက်တမ်းကျော်လွန်ခြင်း မရှိ သေးသော မုန့်များရောင်းချလျှက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး မြို့နယ်တာဝန်ခံက အသုပ်စုံ များ ရောင်းချသူများအား ယင်ကောင်များ မနားစေရန် လုံခြုံစွာ ဖုံးအုပ်ရောင်းချကြရန်နှင့် သစ်သီး များရောင်းချရာတွင်လည်း အမှည့်လွန်နေသော သစ်သီးများ ရောင်းချခြင်း မပြုလုပ် ကြရန်တို့အား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရီရှင်းရွှေသမင် အမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

   ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ()ရက်နေ့၊ နေ့လည် (:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက်() အတွင်း ရှိ ရီရှင်းရွှေသမင်

    အမှတ်တံဆိပ် ဂျုံခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ရီရှင်းရွှေသမင်အမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံ စွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေး တွေ့ရှိရပါသည်။

    ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ရီရှင်းရွှေသမင်အမှတ်တံဆိပ် ဂျုံခေါက်ဆွဲ ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထား ဆောင်ရွက် ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA (ရှမ်း)

သာစည်မြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

            ၁၈.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀.၀၀) နာရီအချိန်တွင် သာစည်မြို့နယ် အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ မြို့နယ်စီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များ၊ မိတ္ထီလာခရိုင် ရေအရင်းအမြစ်ဦးစီးဌာနတာဝန်ခံနှင့် ချေးငွေရယူမည့် တောင်သူစုစုပေါင်း (၅၀) ဦးတို့ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စိုက်ပျိုးရေရရှိရေးကဏ္ဍဖြင့် တောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံကိန်းကြီးကြပ်မှု ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြာခဲ့ပြီး တောင်သူ (၂၇) ဦးအား (၂၂၈၅) သိန်း ပေးအပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရှင်းရှင်း အမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ()ရက်နေ့၊ နေ့လည် (:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် ()အတွင်းရှိ ရှင်းရှင်းအမှတ်တံဆိပ် ဂျုံခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ရှင်းရှင်းအမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံ စွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေး တွေ့ရှိရပါသည်။

ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ရှင်းရှင်းအမှတ်တံဆိပ် ဂျုံခေါက်ဆွဲ ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက် ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA (ရှမ်း)

သာစည်မြို့နယ်၌ စိုက်ပျိုးရေးအသုံးပစ္စည်းအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

          ၁၇-၇-၂၀၂၅ ရက်နေ့ နံနက် (၁၀.၀၀) နာရီအချိန်တွင် မြို့နယ်စီမံကိန်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ရက်ကွပ်/ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး/စာရေးများသည် သာစည်မြို့ပေါ်ရှိ  စိုက်ပျိုးရေး အသုံးပစ္စည်းအရောင်းဆိုင် (၆) ဆိုင်အား တရားမဝင် ပိုးသတ်ဆေး/ ပေါင်းသတ်ဆေး ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးမှ စိုက်ပျိုးရေးလိုင်စင်များ၊ လုပ်ငန်းလိုင်စင်များ သက်တမ်းကုန်ဆုံးခြင်းရှိ/ မရှိ၊ မြို့နယ် ကျန်းမာရေးမှ ကျန်းမာရေးနှင့် အညီ ရောင်းချစေရေး၊ မြို့နယ်စားသုံးသူရေးရာမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ကိုက်ညီမှုရှိ/ မရှိ ကုမ္ပဏီများမှ တင်သွင်းသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးများအား ဈေးနှုန်းဈေးကွက် မေးမြန်းစုံစမ်းခြင်း၊ ၁၀ ရာခိုင်နှုန်းထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချစေရေး၊ သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှုရှိ/ မရှိ ကွင်းဆင်စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ရာ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နမ့်စန်မြို့ပေါ်ရှိစားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၇) ရက်နေ့၊ နေ့လယ် (၁3:၀၀)နာရီအချိန်တွင်  နမ့်စန်မြို့ပေါ်ရှိ စားအုန်းဆီ ရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA (ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ