Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၄.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၄.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၃.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၃.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၂.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၂.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၀.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၀.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၉.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၉.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၆.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၆.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၅.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၅.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ပြည်ပမှတင်သွင်းသည့်ကုန်စည်များနှင့်စပ်လျဉ်း၍ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်ထုတ်ပြန်ခြင်း

ပြည်ပမှတင်သွင်းသည့်ကုန်စည်များနှင့်စပ်လျဉ်း၍ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်ထုတ်ပြန်ခြင်းအား အောက်ပါ PDF File တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

(၂၃) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ ၂၆

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACPP) အနေဖြင့် (၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ထိ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးများအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဦးဆောင် ကျင်းပပြီး အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ ကိုယ်စား ခေတ္တ ဥက္ကဋ္ဌ ဖြစ်သူ မလေးရှားနိုင်ငံ ပြည်တွင်းကုန်သွယ်မှုနှင့် စားသုံးသူရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး Ms. Nurul Marha binti Mohamed ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ သူများ၊ အာဆီယံ မိတ်ဖက်နိုင်ငံများဖြစ်သည့် ဂျာမနီ၊ ဩစတေးလျနိုင်ငံများမှ စားသုံးသူကာကွယ် ရေးဆိုင်ရာ ကိုယ်စားလှယ်များ၊ Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် ၂၀၂၅ (ASEAN Strategic Action Plan For Consumer Protection- ASAPCP 2025) အပေါ် လိုက်ပါဆောင်ရွက်နိုင်မှုအခြေအနေများ၊ အဖွဲ့ဝင်နိုင်ငံများ၏ စာသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ၂၀၂၁ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့်ကိစ္စရပ်များဖြစ်သည့် ရေရှည်တည်တံ့သော စားသုံးမှုပုံစံများအတွက် အထောက်အကူပြု အချက်အလက်များ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား Online မှ တစ်ဆင့်လေ့လာသင်ယူနိုင်မည့် အချက်အလက် များဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များနှင့်  အာဆီယံဒေသတွင်း စားသုံးသူ အငြင်းပွားမှု များအား Online မှ ဖြေရှင်းပေးသည့် Online Dispute Resolution စနစ် အကောင်အထည် ဖော်ဆောင်ရေး လမ်းညွှန်ချက်များ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ထို့အပြင် ACCP ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် GIZ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ASEAN PROTECT စီမံကိန်းပါ လုပ်ငန်းများနှင့် ASEAN-Australia-New Zealand Free Trade Area (AANZFTA) အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် Consumer Affairs Program ပါ လုပ်ငန်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ အားလည်း ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဌာနခွဲ

ဝါသီးနှံဆိုင်ရာ အချက်အလက်များ အစီရင်ခံစာ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းမှ စိုက်ပျိုးထွက်ရှိသည့် သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ဈေးနှုန်းနှင့် ရောင်းဝယ်ဖောက်ကားမှုအခြေအနေများ၊ ပြည်ပပို့ကုန်အလားအလာရှိသော လယ်ယာထွက်ကုန်များကို ရှာဖွေဖော်ထုတ်၍ ဈေးကွက်ဝေစုရရှိရေး အထက်ဌာန အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျှက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါသီးနှံသည် ပြည်တွင်းတွင်သာမက ပြည်ပဈေးကွက်အထိ တင်ပို့နေသည့် သီးနှံဖြစ်ပါသည်။ ဈေးကွက် ဝေစု ခိုင်မာမှုရရှိပါက တောင်သူများ ပိုမိုစိတ်ဝင်စားမှုရှိလာပြီး စိုက်ဧကများ နှစ်စဉ်တိုးတက်လာမည် ဖြစ်သလို ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဝါနှင့်ဝါထွက်ပစ္စည်း Supply Chain တစ်ခုလုံးရေရှည်ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ဝါကြီး၊ မလှိုင်နှင့် ချည်မျှင်ရှည်ဝါများစိုက်ပျိုးကြပြီး အဓိကစိုက်ပျိုး ထုတ်လုပ်သည်မှာ ချည်မျှင်ရှည်ဝါ ဖြစ်ပါသည်။ ဝါသီးနှံကို မိုးဦးကာလ မေ၊ ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ထွက်ပေါ်ပါသည်။ ၂၀၂၁ခုနှစ် ဝါသီးနှံ စတင်ထွက် ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၁၇၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် ၁၃၀၀-၁၄၀၀ ကျပ်ထိ ဈေးကျသွားကြောင်း၊ ဝါသီးနှံ၏ ပေါက်ဈေးနှုန်းသည် မူဆယ် (တရုတ်)ဈေးကွက်ပေါ်တွင် မူတည်နေကြောင်း၊ ကျေးရွာများမှ ထွက်ရှိသော ဝါသီးနှံများကို ဒေသတွင်း ရှိဝါကြိတ်စက်များ သို့သွားရောက်ရောင်းချခြင်း၊ ဒေသပွဲစားများမှလာရောက်ဝယ်ယူခြင်းများ ရှိပါသည်။ ဒေသတွင်းထွက်ရှိ သောဝါများကို ဝယ်ယူသန့်စင်ပြီး ဝါဂွမ်းကို စစ်ကိုင်း၊ မန္တလေးသို့ တင်ပို့ ရောင်းချခြင်း၊ တရုတ်ကုန်သည်များမှ ပစ္စည်းလာရောက်ကြည့်ရှု့ပြီး စာချုပ်ချုပ်ဆို ဝယ်ယူကြပါသည်။ ဝါစက်များအနေဖြင့် ဝါသီးနှံကို ရာသီချိန် (၅)လခန့်သာ ဝယ်ယူပြီး ဝါစေ့များကို သိုလှောင်ထား၍ တစ်နှစ်ပတ်လုံး ဝါစေ့ဆီကြိတ်ခွဲကြောင်း၊ ဝါသီးနှံကို ဒေသတွင်းသုံးစွဲမှု အနည်းငယ်သာရှိပြီး မုံရွာ၊ မန္တလေးဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း၊ ဆားလင်းကြီး၊ အရာတော်၊ ယင်းမာပင်၊ မုံရွာမှ ငွေချည်-၆ အမျိုးအစားအားဝယ်၍ ဂွမ်းကြိတ်ပါသည်။ မုံရွာမြို့တွင် ငွေချည်-၆ ကို Aအဆင့် ၁၄၀၀ကျပ် Bအဆင့် ၁၂၀၀ကျပ် ပေးဝယ်ရပြီး ရောင်းဈေးအနေဖြင့် ဂွမ်းကို ၄၀၀၀ ကျပ် ဝန်းကျင် ရရှိပါသည်။ ဂွမ်းကို ယခင်နှစ် များက ဆားလင်းကြီး ချည်မျှင်နှင့်အထည်စက်ရုံမှ အများဆုံးဝယ်ယူပြီး ယခုနှစ်တွင် အရောင်းအဝယ် မဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဝါသီးနှံမှထွက်ရှိသည့်ဝါဂွမ်းကို တစ်နိုင်တစ်ပိုင် ရိုးရာလက်ရက်ကန်း ဖြင့် ဖျင်လုံချည်၊ ဖျင်စောင်၊ ဖျင်တဘက်နှင့် ဖျင်လက်သုတ်ပုဝါများကို ဒေသတွင်းသုံးစွဲရန်နှင့် ဒေသ ထွက် ချည်ထည်များရိုးရာမပျက် ဝတ်ဆင်ရန်အတွက် အနည်းငယ်သာ လုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊ မုံရွာစောင်များ ထုတ်လုပ်နိုင်သော်လည်း ယခုအချိန်တွင် ထုတ်လုပ်မှုကျဆင်း၍ အနည်းငယ်သာ ထုတ်လုပ်နိုင်ကြောင်း၊ ဝါသီးနှံတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ဆီနှင့်ဆီကြိတ်ဖတ်များ ထုတ်လုပ်ကြကြောင်း၊ ဝါချည်စစ်စစ်မှ ဆေးရုံသုံးဂွမ်းများလည်း ထုတ်လုပ်ရောင်းချကြကြောင်း၊ ထိုအပြင် အဆင့်မြင့်ဝါကို မန္တလေးရှိ ချည်မျှင်စက်ရုံများသို့ ပို့၍ ၁/၂၀ ချည်ထုပ်နှင့် ၁/၄၀ချည်ထုပ်များလည်း ထုတ်လုပ်ကြကြောင်း၊ ဆိပ်ခွန်မှ ကချင်ပုဆိုး၊ ကချင်ထမိန်များကို တရုတ်ပြည်မှလာသော (ယူကို)ချည်နှင့် ရောယှက်ထုတ်လုပ်ကြကြောင်းနှင့် ကလေးမြို့မှလည်း ချင်းရိုးရာဝတ်စုံများ ထုတ်လုပ်ကြကြောင်း လေ့လာသိရှိရပါသည်။ ဝါဂွမ်းတစ်ပိဿာ ပေါက်ဈေးနှုန်းမှာ ၄၅၀၀ကျပ်၊ ဝါစေ့ တစ်ပိသာ ၁၄၀၀ ကျပ်၊ ဝါစေ့ဆီတစ်ပိဿာ ၄၃၀၀ကျပ်၊ ဝါစေ့ဖတ် တစ်ပိဿာလျှင် ၆၀၀ကျပ် ပေါက်ဈေး များရှိကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ဝါသီးနှံအစုအဖွဲ့ (၁၅)ဖွဲ့ ဖွဲ့စည်းထားရှိပြီး ရက်ကန်း လုပ်ငန်းရှင်များ အသင်းအဖွဲ့/အစုအဖွဲ့များအနေဖြင့် တိုင်းအသင်း(၁)သင်း၊ မြို့နယ်အသင်း (၁၁)သင်းနှင့် အစုအဖွဲ့ (၂၂)ဖွဲ့ ဖွဲ့စည်းထားရှိကြောင်း သိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝါစိုက်တောင်သူများ အနေဖြင့် ဘဏ်မှစိုက်ပျိုးစရိတ်ချေးငွေများ ချေးပေးစေလိုကြောင်း၊ မျိုးစေ့နှင့် ဓါတ်မြေဩဇာများ ထုတ်ပေးစေလိုကြောင်း၊ ဝါဈေးကွက်ကို ပြင်ပဈေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခင်နှစ်တွင် ဝါတစ်ပိဿာပေါက်ဈေးမှာ ၇၀၀-၈၀၀ကျပ် ခန့်သာ ရရှိ၍ ဝါစိုက်တောင်သူများနည်းသွားကြောင်း၊ အချို့မြို့နယ်များတွင် မိုးများ၍ ဝါစိုက်ခင်းများ ပျက်စီးကြောင်း၊ ယခုနှစ်တွင် ဝါတစ်ပိဿာ ၁၄၀၀ကျပ် ရရှိ၍ စိုက်ပျိုးသူတောင်သူများ ပိုမို စိတ်ဝင်စားလာကြောင်း၊ ဈေးကွက်တည်ငြိမ်ရေး ထိန်းသိမ်းပေးစေလိုပါကြောင်း၊ ဈေးကွက်ခိုင်မာမှု နည်းသည့်အတွက် ဝယ်လက်ရှာဖွေစောင့်ဆိုင်းရခြင်း၊ လက်ရှိစိုက်ပျိုးနေသော မျိုးများမှာ အရည်အသွေး နိမ့်ကျလာခြင်း၊ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားလာခြင်း၊ သွင်းအားစု ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာသည့်အတွက် အရင်းအနှီးများပြီး အကျိုးအမြတ်ရရှိမှု အခွင့်အလမ်း နည်းပါးလာခြင်း၊ ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် ဝါနှင့်ဝါ ထွက်ပစ္စည်းများမှာ အရည်အသွေး နိမ့်ကျလာခြင်း၊ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ် နိုင်မှုနည်းပါးခြင်း၊ ပြည်တွင်းမှဝါနှင့် ဆက်စပ်သည့် ချည်မျှင်နှင့်အထည်စက်ရုံများ ပုံမှန် လည်ပတ် နိုင်မှုမရှိခြင်း၊ ပြည်ပမှစားသုံးသူများအကြိုက် အရောင်အသွေးစုံချည်ထည်များ အစားထိုး ဝင်ရောက် နေခြင်းစသည့်အချက်များကလည်း ဝါနှင့်ဝါထွက် ပစ္စည်း ကဏ္ဍများတွင် ကြုံတွေ့နေရသည့် အခက်အခဲများ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ