သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည်(၅.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(တ)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌အလှကုန်နှင့်မုန့်မျိုးစုံ ရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၅.၁၁.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီက အိမ်မဲမြို့ အိမ်မဲကြီးရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ရွှေပျားအမှတ်တံဆိပ် ခရုဆီပုလင်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် အမှတ်(၉)၊ (၂)လမ်းရှိ “ထွန်း” စက်မှုလက်မှုလုပ်ငန်းသို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၅-၉-၂၀၂၄)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီတွင် မော်ကျွန်းမြိုနယ်ရှိ ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္မဏီများမှစားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္မဏီမှ (ယာဉ်အမှတ် 7M-5758) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၃)ဦးသည် ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်တွင် စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ “မြစိမ်းတောင်” လက်ဖက်နှင့် ကုန်မျိုးစုံဆိုင်၊ “ဒေါ်နွဲ့နွဲ့အေး”ကုန်မျိုးစုံဆိုင်နှင့် “ဆွေဆွေသန်း” မုန့်မျိုးစုံဆိုင်၊ စုစုပေါင်း ဆိုင်(၃)ဆိုင် အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။