သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Nov 2024

           ၇.၁၁.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများရောင်းချမှု ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

12 Nov 2024

            (၇.၁၁.၂၀၂၄) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှဝန်ထမ်းများ၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်ဖနဲရပ်ကွက်ရှိ “TT” အမှတ်တံဆိပ်ပါ  သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ “ TT ” အမှတ်တံဆိပ်ရှိ ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ / မရှိ ဈေးကွက်စောင့်ကြည့်

12 Nov 2024

               (၆.၁၁.၂၀၂၄) ရက်နေတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်စောကြည်သည် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ မီလျံနာသောက်ရေသန့်စက်ရုံ၌ သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

11 Nov 2024

              စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  ကြံခင်းမြို့နယ်၊ ပန်းရံစုကျေးရွာ၊ တလိုင်းကွင်းအုပ်စုနှင့် ဘုရားကြီးလမ်း၊ ရွာသစ်ရပ်ရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော အဝတ်အထည်၊ အလှကုန်နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

11 Nov 2024

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ခရမ်းမြို့နယ်ဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ အလှကုန်ပစ္စည်းအမျိုးမျိုး တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

Pages