သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Jul 2026

           မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရှိရပ်ကွက်များနှင့် မြို့မစျေးကြီးအတွင်း ရောင်းချလျက်ရှိသော စားသုံးဆီ၊ အချိုရည်နှင့် မုန့်အရောင်းဆိုင်များအား ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၆-၆-၂၀၂၆ ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

06 Jul 2026

        စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီ(ဘူးဆီ)များ၊ စားအုန်းဆီရောင်းချသောဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ၂၅-၆-၂၀၂၆ ရက်နေ့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

06 Jul 2026

         တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းများတွင် စားသုံးသူအသိပညာပေးဟောပြောခြင်းကို ပန်းတနော်မြို့နယ်တွင် စားသုံးသူများ၏ အသက်အန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်လုပ်သူ-စားသုံးသူ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် ကျင်းပပြုလုပ်ခဲ့ရာ ၂၅-၆-၂၀၂၆ ရက်နေ့က အသေးစားစက်မှူလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

06 Jul 2026

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)

06 Jul 2026

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွက် ၂၀၂၆ခုနှစ် ဇွန်လအတွင်း စက်မှုလုပ်ငန်းသုံးဆီများ လုပ်ငန်းရှင်များထံ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဝယ်ယူအသုံးပြု ဆီထုတ်ယူနိုင်ရေးကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များထံဆက်သွယ်၍ ဖြန့်ခွဲနိုင်ရေးကို မြို့နယ်တာဝန်ရှိသူများထံ လမ်းညွှန်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး  မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြ

Pages