သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
14 Nov 2024

         စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ မွန်ပြည်နယ်၊ မော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူးပြီး သထုံခရိုင်၊ ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် "မီးခိုး/ မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေးဆိုင်ရာ" ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲသို့တက်ရောက်ခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်

14 Nov 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ မိုးဟုတ်ကျေးရွာရှိ ကောင်းမြတ်သုခဆန်စက်သို့ ညောင်တုန်းမြို့နယ်ဦးစီးမှုးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၃) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်သို့ ကွင်းဆင်း၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

14 Nov 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၄)ရက်နေ့ ညနေ(၁၅:၀၀)နာရီတွင် အိမ်မဲမြိုု့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 2G-4675) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၂၉)ပေပါ ရောက်ရှိ လာခဲ့ကြောင်းသိရှိရပါသည်။

14 Nov 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးနှင့်   ဝန်ထမ်းများသည်     (၆-၁၁-၂၀၂၄)ရက်နေ့  ညနေ(၁၆:၃၀)နာရီတွင် ဝါးခယ်မမြိုု့နယ်ရှိ   ဆီကိုယ်စားလှယ်များသို့     ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ်8F-6136) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

14 Nov 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့်    ဝန်ထမ်းများသည်       (၆.၁၁.၂၀၂၄)ရက်နေ့     နေ့လယ်(၁၄:၀၀)နာရီတွင် လပွတ္တာမြို့နယ်ရှိ     ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 5J-9302) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၃)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

Pages