သတင်းနှင့် လှုပ်ရှားမှုများ
အထက်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် (၁၀.၁၁.၂၀၂၄) ရက်နေ့တွင် ဒဂုံမြို့သစ်ခရိုင်၊ မြောက်ဒဂုံမြို့နယ်၊ (၃၃)ရပ်ကွက်၊ ပင်လုံလမ်းမရှိ Capital Super market သို့ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ နေ့စဉ်ဆောင်ရွက်လျှက်ရာ (၉.၁၁.၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းတွင် သင်္ဃန်းကျွန်းခရိုင
စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကုန်စည်များတွက် ကုန်အညွှန်းအမှတ်အသားများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်မည်ဖြစ်ရာ စစ်ဆေးရေးမှူးများသည် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများ ညွှန်ကြားချက်နှင့်အညီဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၊ နေ့လယ် (၁၂:၂၀) နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၃၈) ပေပါကို ယာဥ်မောင်း ဦးစိုင်းသက်ကျော်၊ ယာဉ်အမှတ် 1M-3466 ISUZU အမျိုးအစား မော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေဿကြီးဦးစီးမှူးနှင့် တာဝန
စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်မျိုးစုံဆိုင်များသို့ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် (၇-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ရောင်းချနေမှုအခြေအနေများကိုသိရှိရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။