သတင်းနှင့် လှုပ်ရှားမှုများ
နိုဝင်ဘာလ ၆ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် အမှတ် (၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ Online စနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာများအား ဒေသအတွင်း စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် သိရှိနားလည်လာစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုအရ နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးတာဝန်ခံရုံးခန်းမအပေါ်ထပ်တွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၈.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် စက်သုံးဆီခွဲတမ်းထုတ်ယူရရှိမှုအခြေအနေ၊ စက်သုံးဆီအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေသည့် အခြေအနေတို့အား ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၇.၁၁.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ တာကြီးတန်း၊ အမှတ်(၂)ရပ်ကွက်ရှိ “ရွှေဆား” ခြေရေစိမ် ဆားထုတ်လုပ်သူလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။