သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍(၈.၁၁.၂၀၂၄)နေ့ နေလယ်(၁၃:၃၀)နာရီအချိန်တွင် ကြံခင်းမြို့၊ သစ်ဆိမ့်ကိုင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် စာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ ဆန်၊ ပဲ၊ နှမ်းပွဲရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကွင်းဆင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၉-၁၁-၂၀၂၄)ရက်နေ့ ၊ ညနေ(၁၆:၀၀)နာရီတွင် ဝါးခယ်မမြို့နယ်ရှိ ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ်5M-3447) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၀.၁၁.၂၀၂၄)ရက်နေ့ ၊ညနေ(၁၇:၃၀)နာရီတွင် လပွတ္တာမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 5H-2212) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၃)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၁၀.၁၁.၂၀၂၄)ရက်နေ့၊ ညနေ(၁၅:၀၀)နာရီတွင် မော်ကျွန်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 8I-7739) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။