သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒုဦးစီးမှူး) သည် ၁၂-၁၁-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီမှ နံနက်(၁၁:၃၀)နာရီအချိန်ထိ ညောင်တုန်းမြို့၊ ရေလယ်ကျွန်း အခြေခံပညာမူလတန်းစာသင်ကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၂-၁၁-၂၀၂၄)ရက်နေ့တွင် မအူပင် တာပတ်အရှေ့ကျေးရွာ ဓမ္မာရုံတွင် စားသောက်ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၁၃)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တိုင်းဒေကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးမည့် နိုဝင်ဘာလအတွင်းဦးစားပေးကုန်စည်ဖြစ်သော အလှကုန်ပစ္စည်းအမျိုးမျိုး(၁၀)ဂရမ်နှင့်အထက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိ နိုဝင်ဘာလ (၁၁)ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်တွင် ကော့မှူးမြို့နယ်ရပ်ကွက် များရှိအလှကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စတိုးဆိုင်များသို့ ပူးပေါင်းအဖွဲ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်စည်ပင်သာယာဈေးအတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့ နိုဝင်ဘာလ (၈)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ထားဝယ်ခရိုင် သီဟိုဠ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ TRCCI အသင်းဥက္ကဋ္ဌနှင့် သီဟိုဠ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။