သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ် ကွင်းဆင်းစိစစ်မှုများဆောင်ရွက်လျက်ရှိရာ (၈-၁၁-၂၀၂၄)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသောဆေးဆိုင်များအား ကွင်းဆင်းစိစစ်ခြင်းနှင့် ပုဂံလက်ဆောင
တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ဈေးအတွင်း/ အပြင် ရောနှောဆီအပါအဝင်စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးထားရှိမှုနှင့် စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းကို ၁၀.၁၁.၂၀၂၄ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရောနှောဆီနှင့် စပ်လျဉ်း၍ ရောင်းချမှုရှိပါကလည်း ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ်ဝယ်ယူနိုင်မည့်အခြေအနေနှင့် ဝယ်ယူမှု၊ ရောင်းအားအဆင်ပြေနို
စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် မြို့မဈေးအတွင်းရှိ ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးရောင်းချနေသည့် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား (၁၁.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးစည်ပင်သာယာခန်းမ၌ တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၁၁.၁၁.၂၀၂၄ ရက်နေ့ နေ့လယ်(၁၂:၄၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်သို့ ငံပြာရည်အမျိုးမျိုးအား အမှတ်တံဆိပ်ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
၁၁.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၁:၂၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်၊ မြို့မဈေးတွင်ရောင်းချနေသောဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။