သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၁၂-၁၁-၂၀၂၄) ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၁၁.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
အသက်အရွယ်မရွေးအသုံးပြုသည့်ကုန်စည်ဖြစ်ခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့်သည့် အလှကုန်စာရင်းများအား ထုတ်ပြန်လျက်ရှိခြင်းတို့ကြောင့် ရွေးချယ်ရခြင်းဖြစ်ပြီး သုံးစွဲသူများ ဘေးအန္တရာယ်မရှိစေရန် ၇.၁၁.၂၀၂၄ ရက်နေ့တွင် ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လှည်းတန်းဈေးနှင့် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဈေးတို့တွင် Doru၊ Velyet၊ Cskin၊ POP၊ Arche၊ Promina၊ Top Country စသောအလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ စုံလင်စွာဖော်ပြမှုရှိ/ မရှိ အနော
(၁၃.၁၁.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်က ပန်းတနော်မြို့မဈေး၊ အရှေ့ပိုင်းရပ်ကွက်ဈေး၊ အနောက်ပိုင်းရပ်ကွက်ဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန် ရောင်းချသော ကုန်မျိုးစုံဆိုင် (၁၈) ဆိုင်သို့ ကွင်းဆင်းသွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဈေး၊ဈေးတန်းများရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ရောင်းချနေမှုအခြေအနေများကို သိရှိရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ငါန်းဇွန်မြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ (၁၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ပြုလုပ်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။