သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနနှင့်သက်ဆိုင်သည့် ဥပဒေပါအကြောင်းအရာများ၊ ပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များအား နေရာပေါင်းစုံရှိ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးသိရှိလိုက်နာမှုရှိစေရန် မိမိတို့ဌာနက ဦးဆောင်၍သော်လည်းကောင်း၊ အခြားသက်ဆိုင်ရာဌာနများ၏ ဦးဆောင်ပြုလုပ်မှုများတွင် ပူးပေါင်းပါဝင်၍သော်လည်းကောင်း အသိပညာပေးလျက်ရှိရာ (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ငါန်းဇွန်မြို့ရှိ၊ အမှတ်(၁)
ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၄) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကော့သောင်းမြို့ စည်ပင်သာယာစျေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်၍ စားသုံးဆီအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)၏ ဓာတ်ခွဲခန်းများမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း လုပ်ငန်းရှင်ပေါင်း (၄၈)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၈)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၈၉) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၂၄၂) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုဝင်ဘာလ ၄ရက်နေ့တွင် မြစ်သားမြို့နယ်၌ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံ
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့တွင် (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ငါန်းဇွန်မြို့ မြို့မဈေးအတွင်း/ အပြင်ရှိ စားသုံးဆီ ရောင်းချသောဈေးဆိုင်များအား စားသုံးဆီများနှင့်ပတ်သက်၍ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/ မရှိ၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။