သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Nov 2024

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူတာဝန်ခံနှင့်ဝန်ထမ်းသည် (၁၁.၁၁.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဆိပ်ဖြူမြို့နယ် ရေလယ်ကျွန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်းကာ စားသုံးသူကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရန်နှင့် ကျောင်းနေအရွယ်ကလေးများ ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

18 Nov 2024

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ‌ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ရည်ရွယ်၍ (၁၁.၁၁.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပခုက္ကူမြို့အတွင်းရှိ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

18 Nov 2024

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နံနက်  (၁၁:၀၀) နာရီအချိန်တွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စားအုန်းဆီရောင်းချသူလုပ်ငန်းရှင် ( ၂၀ ) ဦးအား စားသုံးသူအသိပညာများဟောပြောဆွေးနွေးခဲ့ကြသည်။

18 Nov 2024

        မအူပင်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်  (၁၃:၀၀) နာရီအချိန်တွင်စိုက်ပျိုးရေးတောင်သူ ( ၃၀ ) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြသည်။

18 Nov 2024

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးရီနှင့် အဖွဲ့သည် (၁၀-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ ဆရာမ (၂၅)ဦး၊ ကျောင်းသား/ သူ (၂၇၈)ဦး၊ စုစုပေါင်း (၃၀၃)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ပါသည်။

Pages