သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
14 Nov 2024

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်  မြို့မဈေးအတွင်းနှင့်  ကျန်းမာရေးဆိုင်ရာ ဆေးအမျိုးမျိုး အရောင်းဆိုင်(၅)နှင့် စားသုံးဆီအမျိုးမျိုးရောင်းချသောဆိုင်(၆)တွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် (၈.၁၁.၂၀၂၄) နေ့၊နံ

14 Nov 2024

     ဖျာပုံခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူတိုင်ကြားမှုများ ဖြေရှင်းပေးမှုဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

14 Nov 2024

     (၇ .၁၁.၂၀၂၄)နေ့၊နေ့လယ်  (၁၄:၀၀) အချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံရုံးတွင် ပန်းတနော်မြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ကုန်စည်များကို ရောင်းချသူ လုပ်ငန်း ( ၃၀ ) ဦးအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။

14 Nov 2024

        ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ရပ်ကွက် (၄) အတွင်းရှိ “IQ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

14 Nov 2024

    (၇.၁၁.၂၀၂၄)နေ့၊နံနက်  (၁၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  မအူပင်ခရိုင်၊ ထွေအုပ်အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာ(၂၀)ဦး နှင့် ပြည်သူ (၈၀) ဦးနှင့် တွေ့ဆုံ၍ အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများ ရွေးချယ်ဝယ်ယူတတ်စေရန် အသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့သည်။

Pages