သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၈.၁၁.၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ တာကြီးတန်း၊ ရွာသစ်ရပ်ကွက်ရှိ စည်ပင်ခန်းမဆောင်၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၈.၁၁.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၃၀) အချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စာတိုက်တဲကြီးကုန်းလမ်းရှိ မြေပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် နိုဝင်ဘာလ(၈)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ကော့ကပ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသောမုန့်ဆိုင်များအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Mahar Bhone Let Yone ကုမ္ပဏီမှ မော်တော်ယာဥ်အမှတ် 3R-9305 ဖြင့် ထုတ်ယူခဲ့သော စားအုန်းဆီပေပါ(၈၄)ပေပါသည် (၁၁.၁၁.၂၀၂၄)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း မြိတ်ခရိုင် ဆီကိုယ်စားလှယ်ထံမှ သိရှိရသဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၀.၁၁.၂၀၂၄)ရက်နေ့ နေ့လယ်(၁၁:၄၀)နာရီတွင် အိမ်မဲမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 2L-6082) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၂၉)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။