စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဇွန်လတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများအား လစဉ် စီမံချက်များ ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါသည်။

             စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများအနေဖြင့် အခြေခံပညာကျောင်းများတွင် (၂၅) ကြိမ်၊ ရပ်ကွက်/ ကျေးရွာများတွင် (၅)ကြိမ်၊ Talk Show (၉)ကြိမ်၊ စက်ရုံ/အလုပ်ရုံများတွင် (၉)ကြိမ်၊ ဈေး/စတိုးဆိုင်များတွင် (၂)ကြိမ်၊ ပြခန်းဖွင့်လှစ်ပြသခြင်း (၁)ကြိမ်၊ စုစုပေါင်း (၅၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း (၅၄)ကြိမ်၊ သင်တန်းဖွင့်လှစ် ပို့ချခြင်း (၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

             ထိုသို့ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ တွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မန္တလေး)