သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Nov 2024

             စားသုံးသူရေးရာဦးစီးဌာန၏  ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ Capital (ဧရာဝဏ်)အတွင်းရှိ လှကုန်ပစ္စည်းအမျိုးမျိုးအား ၁၁.၁၁.၂၀၂၄ ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ

18 Nov 2024

    စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည် နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၀၇:၄၅) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်) မြို့မကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

18 Nov 2024

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည် (၈.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များနှင့် စပ်လျဉ်း၍ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

18 Nov 2024

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်    ဝန်ထမ်းများသည်       (၁၁-၁၁-၂၀၂၄)ရက်နေ့၊     နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ     ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 8D-4208) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

18 Nov 2024

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်အထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages