
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဓါတ်မြေဩဇာများအား အရည်အသွေးနှင့်အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချခြင်းရှိ/ မရှိနှင့် သိုလှောင်ခြင်း၊ဈေးကစားခြင်းများရှိ/ မရှိအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အလိုက် စစ်ဆေးရေးအရာရှိများသည် ဟင်္သာတခရိုင်အတွင်း(၃)မြို့နယ်နှင့် မြန်အောင်ခရိုင်အတွင်း(၃)မြို့နယ်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့နယ်အလိုက်ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာ အရောင်းဆိုင်များတွင် G-46 (လုံးကြီး) တစ်အိတ်လျှင် ၁၄၅၀၀၀/- ကျပ်နှင့် 15:15:15: (ကွန်ပေါင်း) တစ်အိတ် လျှင် ၁၂၀၀၀၀/- ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ဓါတ်မြေဩဇာများ၏ အရည်အသွေးနှင့် အလေးချိန်များ ပြည့်ဝမှုရှိကြောင်း တွေ့ရှိရပါသည်။ သိုလှောင်ထားမှုမရှိဘဲဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
