
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် (၂.၇.၂၀၂၆)နေ့ နံနက်(၀၇:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်သာယာရေး၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့်ဌာနဆိုင်ရာများပူးပေါင်း၍ အင်္ဂပူမြို့နယ် မြို့မစည်ပင်စျေးအတွင်းရှိ ပဲပြား၊ ပဲသွေးများတွင်ဖော်မလင်ပါဝင်မှု ရှိ/ မရှိ၊ ငရုပ်သီးမှုန့်များတွင် ဆိုးဆေးပါဝင်မှုရှိ/ မရှိနှင့် ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ရှိ/ မရှိနှင့် ကုန်အညွန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ၊ ရေသန့်စက်များ FDA ထောက်ခံချက်ရှိ/ မရှိနှင့် အဆင့်ဆင့်ထုတ်လုပ်မှုများ သန့်ရှင်းသပ်ရပ်မှု့ရှိ/ မရှိ၊ မြို့ပေါ်ရှိ ဆေးဆိုင်များနှင့်အလှကုန်ဆိုင်များ အားသက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ အလှကုန်များတွင် သက်ဆိုင်ရာထောက်ခံချက်နှင့် ပြည်သူများသုံးစွဲရန် သင့်/ မသင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အင်္ဂပူမြို့နယ် မြို့မစည်ပင်စျေးအတွင်းရှိ ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ပဲသွေးများတွင်ဖော်မလင်ပါရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အဖွဲ့ဖြင့်သိမ်းဆည်းကာ ရောင်းချသူအား ခံဝန်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
