မွန်ပြည်နယ်အတွင်း MSME One Stop Service Center တည်ထောင်ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံတက်ရောက်

Powered by Drupal

    မွန်ပြည်နယ်အတွင်း MSME ယာယီမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်း တိုး/ပြင်ဆင်ခြင်းလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  MSME One Stop Service Center တည်ထောင်ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အတ္ထရံခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ တက်ရောက်ခဲ့သည်။

    အစည်းအဝေးတွင်  မွန်ပြည်နယ် MSME အေဂျင်စီ ဥက္ကဋ္ဌနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက MSME One Stop Service Center ကို ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ရန် လျာထားကြောင်းနှင့် MSME ယာယီမှတ်ပုံတင်လက်မှတ် အသစ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းများကို တစ်နေရာတည်းတွင် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွား မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

    ထို့ပြင် MSME One Stop Service Center ဖွင့်ပွဲကို လာမည့် ဇူလိုင်လ ၁၅ ရက်နေ့ တွင် ကျင်းပရန် စီစဉ်ထားပြီး ဖွင့်ပွဲနေ့၌ MSME ယာယီမှတ်ပုံတင် လက်မှတ်များကို စိစစ် ထုတ်ပေးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA (မွန်)