သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၄-၄-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အ-ထ-က(၁)နှင့် အ-ထ-က(၂) ကျောင်းတွင် မွမ်းမံသင်တန်းတက်ရောက်နေသော မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ/ ဆရာမများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃-၄-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အိမ်သုံးဆေးရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့နယ်တာဝန်ခံသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၂၂)ရက်၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လင်းတာကျကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် စားသုံးသူပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူအသိပညာပေး ဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာသုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၂၂)ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ် ရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၌ ဘိလပ်မြေများလုံလောက်မှုရှိ/မရှိ ၊ ပြတ်လပ်မှုများ ရှိ/ မရှိနှင့် ဘိလပ်မြေဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မတ်လ (၂၁)ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်ရှိ ပင်စင်စားဝန်ထမ်းများအား စားအုန်းများကို ရည်ညွှန်းဈေးဖြင့် ဆီ(၁) ပိဿာလျှင် (၅၇၅၀/-) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၁၀၀) ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)