သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Apr 2024

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည် (သို့) ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

09 Apr 2024

       ၂၀၂၄ခုနှစ်၊ ဧပြီလ (၃) ရက်နေ့၌ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်မည့် E Lock စနစ်ဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများနှင့် အဝေးပြေးကုန်စည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ခရိုင်အဆင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဖွဲ့စည်းရေး အကြိုဆွေးနွေးပွဲကို မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီ

09 Apr 2024

      ၂၀၂၄ခုနှစ်၊ ဧပြီလ (၂) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သာစည်မြို့နယ်၊ ပြွန်ကန်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူစုစုပေါင်း (၆၈) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

08 Apr 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မြန်အောင်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ အ.ထ.က(၁)ကျောင်းရှိ စာသင်ဆောင်(၂)တွင် အခြေခံပညာမူလတန်း၊ အလယ် တန်းဆင့် ဆရာ/ဆရာမ (၅၀)ဦးအား (၂.၄.၂၀၂၄)နေ့ နံနက် (၁၀:၃၀)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း များကိုဆောင်ရွက်ခဲ့ပါသည်။

08 Apr 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည်  မြန်အောင်မြို့နယ် ရှားတောအုပ်စု၊ အ.ထ.က (ရေနံမြေ)ကျောင်းရှိ စာသင်ဆောင်တွင် ဆရာ/ဆရာမ (၅၀)ဦးအား (၅.၄.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

Pages