သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ FDA တို့နှင့် ပူးပေါင်း၍ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၂၂)ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ Ocean Super Center တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ မတ်လ (၂၂)ရက်၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊ မြို့မဈေး တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ စားသုံးရေးရာဌာနခွဲတာဝန်ခံ၊ ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ “အိအိချွန်” ပဲချောင်း၊ မုန့်ကြိုးလိမ်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာ ပေးဟောပြောပွဲအခမ်းအနားကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၁ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးပညာရေးမှူးရုံးတွင် Video Conferencing ကျင်းပပြုလုပ်သည့် “အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းအဆင့်သင်ပြနည်း ဆင့်ပွားသင်တန်း" ၌ ဆရာ/ဆရာမစုစုပေါင်း (၆၈၉) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ် အ.ထ.က(၁) ကျောင်းရှိ သင်တန်းခန်းမတွင် အခြေခံပညာမူလတန်း၊ အလယ်တန်းဆင့် ဆရာ/ ဆရာမ (၆၅)ဦးအား (၃.၄.၂၀၂၄)နေ့ ၊နံနက် (၁၀:၀၀) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။