ဘိုက‌လေးမြို့နယ်ရှိ “လင်းရတနာဝေ” ဆန်ဆိုင် သို့ ဆန်လက်ကျန်ကွင်းဆင်းစာရင်းကောက်ယူ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၃၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀: ၃၀)  ဘိုက‌လေးမြို့နယ်ရှိ “လင်းရတနာဝေ” ဆန်ဆိုင် သို့ ဆန်လက်ကျန်စာရင်း ကွင်းဆင်းကောက်ယူခဲ့ပါသည်။

          မြို့နယ်တာဝန်ခံက စက်စုလမ်း(၇) ရပ်ကွက်ရှိ  ဦးဇော်မျိုးခိုင် ပိုင်ဆိုင်သော “လင်းရတနာဝေ” ဆန်ဆိုင်သို့ သိုလှောင်ထားရှိသော ပေါ်ဆန်း/ဧည့်မထဆန်အိတ်များကို စာရင်းကောက်ယူခဲ့ပါသည်။ ပေါ်ဆန်း(၃၀) အိတ်၊ ဧည့်မထ (၂၅) အိတ် သိုလှောင်ထားရှိကြောင်း မြေပြင်စာရင်းကောက်ယူမှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)