သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Apr 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ သန်လျင်မြို့နယ်၌ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို သန်လျင်မြို့နယ်၊ အ.ထ.က(၁) ကျောင်းရှိ ရတနာရှင်းသန့်ခန်းမ၌ မတ်လ(၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

05 Apr 2024

      စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများသည် (၂၈-၃-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များဖြစ်သော ဒီလှိုင်းစတိုး၊ ကိုဖိုးချိုဆေးဆိုင်များသို့သွားရောက်၍ ဆေးပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများအနေဖြင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊

05 Apr 2024

      တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ၏ (၄/၂၀၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကုန်သွယ်မှုလမ်းကြောင်း၌ E-Lock စနစ်တွင် လုပ်ငန်းဆောင်ရွက်နိုင်မည့် ကုန်တင်ယာဉ်အားလုံးမှတ်ပုံတင်ပြီး သတ်မှတ်အသင်းဝင်ဖြစ်လာစေရေး တွန်းအားပေးဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့မှုအပေါ် မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းချုပ်သည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်များအလိုက် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကို ဦးဆောင်ဖွဲ့စည်းပေးလျက်ရှိပါသည်။

05 Apr 2024

     ဆန်အခြေခံမှထုတ်လုပ်သည့် မုန့်ဖတ်ခြောက်များထုပ်ပိုးမှုစနစ်နှင့် အရည်အသွေးမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ မတ်လ ၂၅ရက်နေ့တွင် တောင်ငူမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးတက် ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

05 Apr 2024

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေးတို့အတွက် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်တွင်  ရောင်းချလျက်ရှိသော ဆေးဆိုင်နှင့်ဆေးစတိုးဆိုင်များအား မတ်လ(၂၆)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန် တွင် လုပ်ငန်းရှင်ဆေးဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

Pages