သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Apr 2024

     ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးရေးမှူး ဦးလှစိုး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့်   အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ

05 Apr 2024

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

05 Apr 2024

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ဆောင်းသီးနှံ သီးထပ်သီးညှပ် နွေးစပါးများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးပြီးစီးမှုနှင့် စတင်ရိတ်သိမ်းခြွေလှေ့ နိုင်မည့် အခြေအနေအား မတ်လ (၃၀)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ဒလ-ကွမ်းခြံကုန်း ကားလမ်းမကြီး၊ ဒေးဒရဲကားလမ်းမကြီးနှင့် ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်းကားလမ်းမကြီး ဘေးဝဲယာရှိ ကျေးရွာ များမှ နွေစပါးစိုက်တောင်သူများ စပါးစတင် ရိတ်သိမ်းခြွေလှေ့နိုင်မည့်အခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။

05 Apr 2024

      ရန်ကုန်းတိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဘိလပ်မြေအမျိုးအစားအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်း အဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန် ရည်ရွယ်၍ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်အမာဆိုင်ကြီးများသို့ မတ်လ(၃၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

05 Apr 2024

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်း ကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်လျော့နည်းစေရေးအတွက် ဈေးရောင်း၊ ဈေးဝယ် စားသုံးသူပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှာ့ချရေး အသိပညာပေးခြင်းကို မတ်လ (၂၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Pages