မှော်ဘီမြို့နယ်ရှိ ရွှေထိပ်တန်းစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၂၅၈)၊ ပြည်လမ်း၊ မှော်ဘီမြို့နယ်ရှိ ရွှေထိပ်တန်းစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် နေ့စဉ်လက်ကားကိုယ်စားလှယ် ဦးဇေထံမှ ရရှိသောခွဲတမ်းအား နံနက်(၁၀း၀၀)နာရီအချိန်မှ (၄)နာရီထိ ရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်မှရရှိသော ဈေးနှုန်းကို (၂%)သာ အမြတ်တင်၍ရောင်းပါကြောင်း မိမိတို့ဌာနမှလည်း သတ်မှတ်စည်းကမ်းချက်များအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)