သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေးတို့အတွက် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက် များတွင် ရောင်းချလျှက်ရှိသော ဆေးဆိုင်နှင့်ဆေးစတိုးဆိုင်များအား မတ်လ (၂၈)ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် လုပ်ငန်းရှင်ဆေးဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာရှိ စားသုံးသူပြည်သူများသို့ အသိပညာဗဟုသုတတိုးတက်နားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၂.၄.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် အိုးတန်းရပ်ကွက်၊ ပြည်လမ်းရှိ ရတနာ “Apex”စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီရောင်းချနေမှုအခြေအနေကို ကွင်းဆင်းခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး ဒုဦးစီးမှူး ဦးဆောင်အဖွဲ့သည် ၂.၄.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)အချိန်မှစ၍ လှိုင်သာယာအနောက်ပိုင်း မြို့နယ်ရှိ စားသုံးဆီလက်လီရောင်းချနေသော ခွဲတမ်းရ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပထမဦးစွာ (၇)ရပ်ကွက်အတွင်းရှိ ဦးမောင်လှ(ကုန်စုံဆိုင်)၊ ဦးတင်ရွှေ(ဆန်/ဆီရောင်းဝယ်ရေး)၊ (၁၃)ရပ်ကွက်ရှိ ပင်လုံဈေးမှ ကုန်စုံ ဆိုင်များ (၂၀)ရပ်ကွက်၊ (၂၀)ဈေးရှိ ကုန်စုံဆ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိစသည့် အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။