သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံတို့သည် (၅.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နေနတ်သား ဆန်စက်သို့သွားရောက်၍ စပါးကြိတ်ခွဲမှု၊ ဆန်သိုလှောင်ထားရှိမှု၊ ဆန်/ ဆန်ကွဲ တင်ပို့ရောင်းချမှု ဈေးနှုန်း၊ ဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
၃-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စားသုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီတာဝန်ခံများ၊ လက်လီ/ လက်ကားကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စားသုံးဆီရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးမှုများ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ (၄-၁၁-၂၀၂၄) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဆ
မအူပင်ခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလ လဆန်းပိုင်းရက်တို့က မအူပင်မြို့နယ်အတွင်း တရားမဝင်ကုန်စည်များ သိုလှောင်ရုံများတွင် သိုလှောင်ထားရှိမှု ရှိ/မရှိနှင့် မအူပင် တိုးမြစ်ရေလမ်းတလျှောက် သယ်ယူပို့ဆောင်ခြင်း ရှိ/ မရှိကို (၅.၁၁.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀) နာရီမှ နေ့လယ်(၁၅:၀၀) နာရီအချိန်အထိ ခရိုင်အဖွဲ့နှင့် အတူ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။