သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၅.၁၁.၂၀၂၄)နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကြံခင်းမြို့၊ အင်းလပ်ကျေးရွာအုပ်စု၊ အနောက်ပိုင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦး အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၄.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဇလွန်မြို့၊ (၅)လမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ရွှေထီး”ငှက်ပျောကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ခဲ့ပြီး၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့မှစတင်၍ eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ (Online Sales) မှတ်ပုံတင်နိုင်ရေး
အခြေခံပညာကျောင်းနေရွယ်ကလေးများ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကို လိုက်နာကျင့်သုံးရွေးချယ်တတ်စေရန် ကလေးများ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို သိရှိနားလည်တတ်စေရန်၊ မိမိအခွင့်အရေးကို တောင်းဆိုတက်စေရန်အတွက် ဓနုဖြုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဓနုဖြူ၊ အမှတ်(၆) (ဘီဘီအမ်)၊ အခြေခံပညာမူလတန်းကျောင်း၊ (၄)ရပ်ကွက် ရှိ ကျောင်းသား/ သူများကို (၄-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၃၀) နာရီအချိန်၌ အသိပညာပေးဟောပြောပွဲပြုလုပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်မျိုးစုံဆိုင်များမှ ဟင်းချက်ရာတွင် ထည့်၍ချက်ပြုတ်သော ဟင်းခတ်အမွှေးအကြိုင်ထုပ်/ ပါကင်ဘူးများတွင် ကုန်အညွှန်းဖော်ပြပါဝင်မှုအခြေအနေနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် (၄-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဦးစားပေးကုန်စည် (၁၀) မျိုးအား လအလိုက် လျာထား၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။