သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Nov 2024

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် လှည်းဆိပ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဆရာ/မ (၈) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၂၄) ဦး၊ စုစုပေါင်း(၁၃၂)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

08 Nov 2024

            စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှုးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ  ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ လွယ်စတုံအောက်ရွာရှိ ရွှေငါးတံဆိပ်မုန့်နှင့်မုန့်မျိုးစုံလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

08 Nov 2024

           ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့၊ နေ့လယ်(၁၂ꓽ၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ အမှတ်(၇)အခြေခံအထက်တန်းကျောင်းအတွင်းရှိ မုန့်အရောင်းဆိုင်များသို့ သွားရောက်၍ ၎င်းတို့ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှု ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

08 Nov 2024

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

08 Nov 2024

   စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၄.၁၁.၂၀၂၃)ရက်နေ့ ၊နံနက် (၀၉:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင် များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages