
ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် Talk Show အစီအစဉ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်အစီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းထိုက်မှ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၇ ပုဒ်မ ၃၅အရ ကုန်စည် ရောင်းချသူ (သို့မဟုတ်) ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်ထုတ်လုပ်သူ၊ ကုန်စည်ပေါ်တွင် လူပုဂ္ဂိုလ်အမည် ကုန်အမှတ်တံဆိပ် (သို့မဟုတ်) အခြားထင်ရှားသော အမှတ်အသားများကို အသုံးပြုခွင့်ရှိသူ၊ ပြည်ပမှကုန်စည်များကို တင်သွင်းလာပြီး ပြည်တွင်းရှိ စားသုံးသူများအား ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊ တစ်ဆင့်ပြန်လည်ရောင်းချသူ၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခုခုဖြစ်စေဝန်ဆောင်မှုကိုပြည်လည်စားသုံးသူများအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူတို့တွင် တာဝန်ရှိမှုအကြောင်းတို့အား ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
