သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၅-၁-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အင်းကုန်းကျေးရွာအုပ်စု၊ စာထား အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖို မြို့နယ် ကွေ့ချောင်း ရပ်ကွက် ၊ ကွေ့ချောင်းလမ်းရှိ ဝင်းနောင်ဆန်စက်သို့ ( ၂၂.၁.၂၀၂၄ ) ရက်နေ့ ၊ နံနက် ( ၁၀:၀၀ ) နာရီ အချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်ခင်ထိုက်၊ စားသုံး / ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီတို့သည် ဝင်းနောင် ဆန်စက်ပိုင်ရှင် ဦးခင်မောင်ချိုနှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၂၅-၁-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ဦးမြစိန် (ကုန်စုံဆိုင်) သို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် (၂၅-၁-၂၀၂၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုးကလေးမြို့ ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။