သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းချက်နှင့်အညီ ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးစေရေးအတွက် လုပ်ငန်းရှင်များထံကွင်းဆင်း တွေ့ဆုံပြီး လုပ်ငန်းရှင်၏ဖြစ်ပေါ်နေသော အခြေအနေအခက်အခဲနှင့် လိုအပ်ချက်များအား စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများ၏ လိုအပ်လျက်ရှိသော ကုန်ကြမ်းများနှင့် ထုတ်လုပ်မှု အထောက်အကူပြုပစ္စည်းများအား ဝယ်ယူသုံးစွဲလျက်ရှိရာတွင် ပြည်တွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရေးဆောင်ရွက်ပေးမည့်အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားအား ၂၅.၁.၂၀၂၄ ရက်၊ ကြာသပတေးနေ့၊ နေ့လည် ၁ နာရီ အချိန်တွင် Thilawa Special Economic Zone Administration Complex တွင် ကျင်းပခဲ့ပါသည်။
ကုမ္ပဏီများမှ တင်သွင်းလာသည့်ဆီများအား ဆီကန်များသို့ ထည့်သွင်းရာတွင် မြို့ပေါ် ဆီကန် များကိုပါ မျှမျှတတ ဆီသိုလှောင်ရန်ကိစ္စနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွက် Cargo Plan အရ ဆီရောက်ရှိရန် ကျန်ရှိသော ကုမ္ပဏီများ၊ ဖေဖော်ဝါရီလ Cargo Plan ပေးရန် ကျန်ရှိသော ကုမ္ပဏီများနှင့် ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၃.၁.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်၍ မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဦးစီးဌာန၊ ပင်စင်ဦးစီးဌာနတို့ပူးပေါင်း၍ (၂၃.၁.၂၀၂၄) ရက်နေ့မှ (၂၆.၁.၂၀၂၄)ရက်နေ့အထိ နံနက်(၀၉:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် မအူပင်မြို့ရှိ ပင်စင်စားသက်ကြီးရွယ်အ