သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Jan 2024

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့်  တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်  ကန့်ဘလူခရိုင် ဆီလုပ်ငန်းရှင်များအသင်းမှ (၂၀.၁.၂၀၂၄) ရက်နေ့ နံနက် ၀၈:၃၀ နာရီက ကန့်ဘလူမြို့ ၊ ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

30 Jan 2024

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုသည် စိုက်ပျိုးရေး၊ စည်ပင်၊ အခွန်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့် (၂၃-၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင်  သိုက်ဝါးချောင်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စု၊ မကျီးကွင်းကျေးရွာအုပ်စုများသို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

30 Jan 2024

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ဈေးကွက်အတွင်းရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

30 Jan 2024

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင်  ခရိုင်ဦးစီးမှူးရုံး၌ တောင်ငူမြို့ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။

30 Jan 2024

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် ကျွန်းလှမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်နှင့် သွားရော

Pages