သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Jan 2024

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးစတင်ချိန်တွင် စားသုံးသူရေးရာကော်မတီ၏ ဒုတိယဥက္ကဌ၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး

29 Jan 2024

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၃.၁.၂၀၂၄) ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

29 Jan 2024

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအား (၂၂.၁.၂၀၂၄)ရက်နေ့ နံနက်(၁၁:၃၀)နာရီက မြောင်းမြခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ၊ မြို့နယ်များမှ ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအား ဖိတ်ကြားပြီး ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအား အသစ်ပြန်လည်ဖွဲ့စည်းပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ပါသည်။

29 Jan 2024

   ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မင်းကြီးလမ်းရှိ ဆူမိုစတိုးဆိုင်တွင်ရောင်းချနေသော အချိုရည်မျိုးစုံများအား စားသုံးသူများ ဘေးဥပဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

29 Jan 2024

   ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးအရာရှိ ခရိုင်ဦးစီးမှူးတို့မှ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော မြေပဲဆီနှင့် ပဲရောဆီအရောင်းဆိုင်များမှ ဆီများအား နမူနာကောက်ယူပြီး စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေသည့် ဓာတုပစ္စည်းများ ထည့်သွင်းရောနှောထားခြင်းရှိ/မရှိ သိရှိစေရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ ပေးပို့ပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ပါသည်၊၊

Pages