
( ၁၅.၁၀.၂၀၂၅ ) ရက်နေ့တွင် မအူပင်ခရိုင်၊ ညောင်တူန်းမြို့နယ်၊ စားသုံးသူရေးရာ ဦးစီး ဌာန၊ အစည်းအဝေးခန်းမ တွင် ညောင်တုန်း ဆန်စက်တာဝန်ခံ ၂၀ ဦးနှင့် တွေ့ဆုံ၍ မြို့နယ်စက်မှု ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ အသိပညာ ပေးဟော ပြောဆောင် ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ( မြို့နယ်ဦးစီးမှူး )မှ မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးပြီး ဆန်စက်၊ ဆီစက်များအား လိုင်စင် သက်တမ်းများ တိုးကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိ မှ စားသုံးသူကာကွယ် ရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားများအကြောင်း အကျယ် တဝံ့ပြောကြားခဲ့ပြီး MyRo စနစ်ဖြင့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးနှင့် သက်တမ်းတိုးဆောင်ရွက်ခြင်း၊ စပါးဆန် သိုလှောင်မှု လက်ကျန်အခြေအနေများကို လစဉ် ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကိုဆောင်ရွက်ရန်၊ စစ်ဆေးရေးအဖွဲ့မှ မြေပြင်သိုလှောင်မှုကို ရှောင်တခင်စစ်ဆေးဆောင်ရွက်မည်ဖြစ်၍ စာရင်းများကိုက်ညီ မှန်ကန်စွာ လုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရှင်းလင်းဟော ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
