ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသော “ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/ ၂၀၂၅)” ဒုတိယနေ့ အား ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ သင်တန်းများကို ဟောပြောပို့ချလျက်ရှိရာ ၂၆.၉.၂၀၂၅ ရက်နေ့တွင် ငွေစာရင်းဘာသာရပ် နှင့် ပြင်ပဌာနများမှ ဘာသာရပ်များဖြစ်သည့် စည်ပင်သာယာရေး ဘာသာရပ်၊ FDA ဘာသာရပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များကို ဒုတိယနေ့တွင် သင်ကြား ပို့ချပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

ဟောပြောပို့ချရာတွင် ငွေစာရင်းဘာသာရပ်ကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ငွေစာရင်း ဌာန ခွဲမှ  တာဝန်ခံကလည်းကောင်း၊ စည်ပင်သာယာရေး ဘာသာရပ်ကို တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့က ၎င်း၊ FDAဘာသာရပ်ကို တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက ၎င်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၎င်း၊ အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပါသည်။ အဆိုပါ သင်တန်း သို့ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၃)ဦးသည် Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ (၁/ ၂၀၂၅) ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၀) ဦး သည် Imperson စနစ်ဖြင့် လည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်း (၁၅)ဦး က Virtual စနစ် ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)