သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jul 2025
တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ (၉.၇.၂၀၂၅)ရက်နေ့ ဝါဆိုလပြည့်နေ့ နံနက်(၀၅:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့၊ အိုးတန်းရပ်ကွက်၊ မြို့နယ်သာသနာ့ဗိမ္မာန်တော်၌ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
23 Jul 2025
(၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးအတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ပါသည်။
23 Jul 2025
တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုကျေးရွာအုပ်စုနှင့်ဥတိုကျေးရွာအုပ်စု လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသည့် မိုးစပါးတိုက်ရိုက် အစေ့ချကိရိယာ(Seeder)ပြိုင်ပွဲကို (၅.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ဌာနဆိုင်ရာများနှင့် စပါးစိုက် တောင်သူများ တက်ရောက်ခဲ့ပါသည်။
23 Jul 2025
(၅.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုကျေးရွာအုပ်စုနှင့် ဥတိုကျေးရွာအုပ်စုအကြား ရန်ကုန်-ပြည်ကားလမ်းဘေး ခွေးအိပ်ချောင်းတံတားအနီးရှိ ကွင်းအမှတ်(၇၇၄)၊ ကံကလေးကွင်း၊ ဦးပိုင်အမှတ်(၆၉-ခ) တောင်သူဉီးတင်လှ၏ လယ်မြေ (၁၀)ဧက၌ ဓါတ်မြေဩဇာထောက်ပံ့ခြင်းနှင့်စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။
23 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၈.၇.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင် လပွတ္တာမြို့နယ်၊လခွဲအမှတ်(၉)အခြေခံပညာ အလယ်တန်း ကျောင်းရှိကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား စားသုံးသူအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

Pages