သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူရေးရာလုပ်ငန်းများအပြင် ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ၊ ဇန်နဝါလ ၈ ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီချိန်တွင် မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးသည် မိတ္ထီလာမြို့၊ ရတနာမာန်အောင်ရပ်ကွက်ရှိ “ရိုးမ” လူသုံးကုန်လုပ်ငန်းထုတ်လုပ် ရောင်းချသော လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှူဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့တွင် (အ-ထ-က) ရွှေတောင်ကျောင်းတွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက် (အ-ထ-က) သရက်တောကျောင်းတွင် (၅-၁-၂၀၂၄)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်မှ (၁၁:၁၅)နာရီအချိန်ထိ ကျောင်းသား/ ကျေင်းသူ (၁၈၀)ဦးတို့အား စားသုံးသူအသိပညာပေးရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီချိန်တွင် ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်တို့နှင့် ပူးပေါင်း၍ မိတ္ထီလာမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံ (၅) ရုံအား မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးမ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် (၉-၁-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ Queen Mark (ကုန်စုံဆိုင်)သို့ သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။