သတင်းနှင့် လှုပ်ရှားမှုများ
စက်မှုဝန်ကြီးဌာန၏ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ MSME Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ဇန်နဝါရီလ(၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များဖြစ်သော “ကမ္ဘာကျော်”နှင့် “ကံသာ”ဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံးများဖြစ်ည့် HRB-500၊ HRB-400 အမျိုးအစားများနှင့် လုပ်ငန်းသုံးသံမဏိများဖြစ်သည့် H-Beam၊ I-Beamနှင့် Hollow အမျိုးအစားများကို စစ်ဆေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းစိုးနှင့် ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီတို့သည် (၂-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် အုတ်ဖိုမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်ကြီးများနှင့် တွေဆုံဆွေးနွေးခဲ့ပါသည်။
စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်ခရိုင်အနေဖြင့် ပြည်မြို့၊ ရွှေကူရပ်ကွက်ရှိ အေးခဲအစားအစာအရောင်းဆိုင်မျာ
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်မြို့၊ ဝက်ထီးကန်မြို့နယ်ရှိ ဒေါ်ချိုမာခိုင်ဆန်စက